ကာကွယ်ဆေးထိုးပြီးသော်လည်း လေယာဉ်စီးမည့်သူများ ကိုဗစ်စစ်ဆေးမှုခံယူရမည်

ကာကွယ်ဆေးထိုးပြီးသော်လည်း လေယာဉ်စီးမည့်သူများ ကိုဗစ်စစ်ဆေးမှုခံယူရမည်

မြန်မာနိုင်ငံအတွင်း ပြည်တွင်းလေယာဉ်စီးခရီးသည်မည်သူမဆို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး ၄၈ နာရီအတွင်း (Rapid Response Team-RPT)ဖြင့် ကိုဗစ်ပိုးစစ်ဆေးမှု ခံယူရမည်ဖြစ်‌ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကာကွယ်ဆေးမထိုးသေးသူများအပြင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများလည်း ကိုဗစ်ပိုးစစ်ဆေးမှုခံယူရမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“ဆေးစစ်မှာကတော့ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေ‌ရော၊ မထိုးထားသူတွေကိုပါ စစ်ဆေးသွားမှာပါ။ ခရီးသည်တွေအနေနဲ့ ၄၈ နာရီအတွင်းမှာ ဆေးစစ်ရမယ်။ အိုမီခရွန်ကိုတော့ ဒီအတိုင်းတန်းစစ်လို့မရဘူး။ စစ်မှာကတော့ ကိုဗစ်ပိုးရှိ/မရှိကိုစစ်မှာပါ”ဟု ၎င်းကဆိုသည်။

လေယာဉ်စီးမည့်သူများအနေဖြင့် တစ်ရက်ကြိုတင်ကာ ကိုဗစ်ပိုးစစ်ဆေးရန် ကျန်းမာရေးဝန်ကြီးဌာနမှညွှန်ကြားထားကြောင်း Star Wave Air လေယာဉ်လက်မှတ်အရောင်းဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“မနက်ဖြန်ကစပြီးတော့ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူရော၊ မထိုးထားတဲ့သူတွေပါ တစ်ရက်ကြိုတင်ပြီးတော့ ဆေးစစ်ရမယ်လို့ ကျန်းမာရေးဌာနကညွှန်ကြားထားတယ်။ ခရီးသွားမယ်ခရီးသည်တွေက မနက်ကစပြီးတော့စစ်ရမယ်”ဟု ၎င်းကဆိုသည်။

ပြည်တွင်းလေယာဉ်စီးခရီးသည်များအနေဖြင့် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း (Rapid Response Team-RPT)ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင်သည့်အချိန်တွင် ပြသနိုင်ရန်အတွက် စစ်ဆေးမှုခံယူရမည်ဟု လေကြောင်းလိုင်းများကိုဖြန့်ဝေထားသည့် ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်တွင် ဖော်ပြသည်။

လေယာဉ်ကွင်းတည်ရှိရာ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် သတ်မှတ်ချိန်များအတွင်း ပိတ်ရက်မရှိ အခမဲ့စစ်ဆေးပေးသော ဓာတ်ခွဲခန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေးခွင့်ပြုထားသော ဆေးရုံး၊ဆေးခန်း စသည်တို့တွင် ကိုဗစ်ရောဂါပိုးရှိ၊မရှိ သွားရောက်စစ်ဆေးမှုခံယူရမည်ဟုညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်းမှာ ၅၂၇၃ ဦးရှိကာ သေဆုံးသူမှာ ၅၀၁ ဦးထိရှိနေပြီး လက်ရှိဆေးကုသနေဆဲဦးရေမှာ ၂၃ ဦးရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့ရှိသူများရှိနေသေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ နေ့ ညနေ ၈ နာရီထိထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာ ၁၇၈၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းအရသိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...