လဝါးကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ ၀င်ရောက်တပ်စွဲလာသောကြောင့် ဒေသခံများထိတ်လန့်

လဝါးကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ ၀င်ရောက်တပ်စွဲလာသောကြောင့် ဒေသခံများထိတ်လန့်

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာတွင် ယ‌နေ့နံနက် (၁၁) နာရီခန့်က  စစ်ကောင်စီတပ်သားများ ကာမိုင်းဘက်မှ ခြေလျင်ဖြင့် ဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

စစ်ကောင်စီတပ်သား (၁၀၀)ဦးထက်မနည်းက လက်ရှိ လဝါးကျေးရွာ မူလတန်းကျောင်း၌ စခန်းချနေထိုင်နေပြီး တိုက်ပွဲ ဖြစ်ပွားလာမည်ကို ဒေသခံများက ထိတ်လန့်နေရကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"ကာမိုင်းကနေ စစ်သား(၁၀၀)ကျော်လောက် ဟုတ်တယ်။ လက်နက်ရော၊ လူအင်အားရော များလို့ တိုက်ပွဲ ဖြစ်လာနိုင်တော့ စိုးရိမ်နေတယ်။  တကယ်လို့ ဖြစ်လာပြီဆိုရင် စိုးရိမ်ရမယ့် အခြေအနေပဲ။ ဘာလို့ဆို လူအင်အားက ရာဂဏန်းနဲ့ ဆိုတော့။ အရင်ကရောက်တဲ့ လူဦးရေထက် အရမ်းပို များတာပေါ့။ ကာမိုင်းဘက်ကနေ ရှေ့တန်းသွားဖို့ တက်လာတာထင်တယ်"ဟု ၎င်းက ပြောသည်။

ယင်းကျောင်းသည် ရွာ၏ အလယ်တွင် တည်ရှိနေသောကြောင့် ဒေသခံများ ပိုမို စိုးရိမ်နေကြသည်။

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ဖားကန့်မြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာတွင်လည်း ဖေဖော်ဝါရီလ (၅) ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့်  ဗုံးလာရောက်ကြဲခဲ့သောကြောင့် ကျေးရွာနေ ပြည်သူနှစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာ ပြင်းထန်ခဲ့သည်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

April 1, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၉...
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။
March 31, 2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် တောင်ယာ၊...
March 25, 2026
ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်နေ့ကစပြီး လေကြောင်းလိုင်းတချို့က...
March 24, 2026
ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်က သက်ကြီးဘိုးဘွားတွေပဲရှိတဲ့ ခူထီကျေးရွာမှာ ဆန်နဲ့ ဆေးဝါး...