RCSS/SSA နဲ့ SSPP/SSA ရှမ်းအချင်းချင်းတိုက်ပွဲ စစ်ကောင်စီကလေယာဉ်နဲ့ပစ်ကူလို့နှစ်ဖက်အပြန်အလှန်စွပ်စွဲ

RCSS/SSA နဲ့ SSPP/SSA ရှမ်းအချင်းချင်းတိုက်ပွဲ စစ်ကောင်စီကလေယာဉ်နဲ့ပစ်ကူလို့နှစ်ဖက်အပြန်အလှန်စွပ်စွဲ

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအနီး RCSS/SSA  နဲ့  SSPP/SSA  ရှမ်းလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ကူတယ်လို့  နှစ်ဖက်လုံးက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ  ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအနီး RCSS/SSA  နဲ့ SSPP/SSA ဦးဆောင်တဲ့ တပ်ပေါင်းစု တို့ တိုက်ပွဲဖြစ်ပွားခဲ့နေစဉ်အတွင်းမှာ စစ်ကောင်စီလေတပ်က လေယာဉ်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်နှစ်စီးက SSPP/SSA ရဲ့ စစ်သားတွေရှိတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကျဲခဲ့တာဖြစ်ပြီး (၂) ဦးထိခိုက်ခဲ့တယ်လို့ SSPP info က ဆိုပါတယ်။

RCSS/SSA ရဲ့ သတင်းစာမျက်နှာဖြစ်တဲ့ Tai freedoom ကတော့ စစ်ကောင်စီလေတပ်တွေက RCSS/SSA တပ်ရှိရာဘက်ကို အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်လောက်  ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါထားပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...