ကမ္ဘာ့ ဒီမိုကရေစီ အညွှန်းကိန်းတွင် မြန်မာနှင့် အာဖဂန်နစ္စတန်က အဆိုးဆုံး အဆင့် သတ်မှတ်ခံရ

ကမ္ဘာ့ ဒီမိုကရေစီ အညွှန်းကိန်းတွင် မြန်မာနှင့် အာဖဂန်နစ္စတန်က အဆိုးဆုံး အဆင့် သတ်မှတ်ခံရ

ဗြိတိန်အခြေစိုက် Economist Intelligence Unit (EIU) ၏ ၂၀၂၁ အတွက် ကမ္ဘာ့ ဒီမိုကရေစီ အညွှန်းကိန်း အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့က အဆိုးဆုံးအဆင့်များဖြင့် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

ကမ္ဘာ့ ဒီမိုကရေစီသည် ကြီးမားသော ထိုးနှက်ချက်တစ်ခုနှင့် ကြုံတွေ့ထားခဲ့ရပြီး ကမ္ဘာ့လူဦးရေ၏ ၆ ဒသမ ၆ ရာခိုင်နှုန်းခန့်ကသာလျင် အပြည့်အဝ ဒီမိုကရေစီဖြင့် နေထိုင်နေကြရပြီး သုံးပုံ တစ်ပုံကျော်သည် အာဏာရှင်ဆန်သော အစိုးရများအောက်တွင် နေထိုင်နေကြရသည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

EIU အဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံ၏ ဒီမိုကရေစီ အခြေအနေကို သုတေသနပြုပြီး အဆင့်သတ်မှတ်ကာ နှစ်စဉ် ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံနှင့် တာလီဘန်တို့ အာဏာရနေသည့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် မြောက်ကိုရီးယားနှင့်အတူ ဒီမိုကရေစီ အညွှန်းကိန်းစာရင်း၏ အောက်ခြေသို့ ထိုးဆင်းကျသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်က နိုင်ငံတကာ အဆင့် ၁၃၅ အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါ အဆင့် ၁၆၆ အဖြစ် သတ်မှတ်ခံခဲ့ရသည်။

အလားတူ ၂၀၂၀ က အဆင့် ၁၃၉ ရခဲ့သည့် အာဖဂန်နစ္စတန်သည် ယခုအခါ အဆင့် ၁၆၇ တွင် ရပ်တည်နေသည်။ မြောက်ကိုရီးယားသည် ၂၀၂၀ က အဆင့် ၁၆၇ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ယခုအခါ အဆင့် ၁၆၅ တွင် သတ်မှတ်ခံရသည်။

ဩစတြေးလျနိုင်ငံက အဆင့် ၉ တွင် ဆက်လက် ရပ်တည်နေသည်ဟု သိရသည်။

ထိုင်ဝမ်နှင့် အင်ဒိုနီးရှားတွင် ဒီမိုကရေစီဆိုင်ရာ တိုးတက်မှုများ ရှိနေလင့်ကစား အာရှဒေသ၏ ပျမ်းမျှ အညွှန်းကိန်းပိုင်းတွင် ကျဆင်းမှုတစ်ခု ကြုံတွေ့ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က ၅ ဒသမ ၆၂ ကနေ ၂၀၂၁ တွင် ၅ ဒသမ ၄၆ ကို ကျဆင်းခဲ့ကာ ယင်းသည် ပြီးခဲ့သည့် ၁၂ လအတွင်း မြန်မာနှင့် အာဖဂန်နစ္စတန်၏ အခြေအနေများနှင့် ပတ်သက်နေကြောင်း သိရသည်။

“အီးအိုင်ယူရဲ့ ၂၀၂၁ ဒီမိုကရေစီ အညွှန်းကိန်း အစီရင်ခံစာအရ နှစ်နှစ်ဆက်တိုက်အဖြစ် ကမ္ဘာတဝန်းမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အပေါ် COVID-19 ရဲ့ ထိခိုက်စေတဲ့ သက်ရောက်မှု ဆက်ရှိနေတယ်ဆိုတာကို ထင်ဟပ်ပြသနေပါတယ်” ဟု EIU အစီရင်ခံစာဆိုင်ရာ အယ်ဒီတာဖြစ်သည့် ဂျောင်ဟိုဝီက ပြောခဲ့သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...