ဆိုင်းဖရာနှင့် အနီးအနားရှိ ရွာများအား ဘုရားကျောင်း၀င်းအတွင်း ပြောင်းရွှေ့နေထိုင်ရန် စစ်ကောင်စီပြော

ဆိုင်းဖရာနှင့် အနီးအနားရှိ ရွာများအား ဘုရားကျောင်း၀င်းအတွင်း ပြောင်းရွှေ့နေထိုင်ရန် စစ်ကောင်စီပြော

ဖားကန့်မြို့နယ်၊ ဆိုင်းဖရာကျေးရွာ အနီးရှိ ရွာများတွင် နေထိုင်သည့် ပြည်သူများကို ဘုရားကျောင်း၀င်း နေရာများတွင် ပြောင်းရွှေ့နေထိုင်နေကြရန် နန့်ယားကျေးရွာ‌‌ရှိ စစ်ကောင်စီ တပ်ရင်းမှူးက ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ဖားကန့်မြို့နယ်အတွင်းရှိ ခွမ်စိုင်ယန်၊ တံတားညီနောင်၊ ဂေါ့လူယန် စသည့် ကျေးရွာများရှိ ပြည်သူများကို တစ်စုတစ်စည်းတည်း ငြိမ်ငြိမ်နေကြရန် နန့်ယားကျေးရွာ စစ်ကောင်စီတပ်ရင်းမှူးက ပြောဆိုမှုရှိခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

"လေယာဉ်နဲ့ လာပစ်တဲ့ အချိန်က ပြောသွားတာပေါ့။ တစ်ကွဲတစ်ပြား မနေဘဲနဲ့ ဘုရားကျောင်းတွေလို နေရာမှာ ငြိမ်ငြိမ်နေကြဖို့ နန့်ယား တပ်ရင်းမှူးက ပြောခိုင်းတယ် ကြားတယ်။ ဆိုင်းဖရာကျေးရွာကတော့ ဒီအတိုင်း နေနေကြတယ်။ မဖယ်ဘူး။ ခွမ်စိုင်၊ ဂေါ့လူ၊ တံတားညီနောင် အဲ့ဒီနေရာတွေကတော့ ဘုရားကျောင်းတွေမှာ ရွှေ့နေကြပြီ"ဟု ၎င်းက ဆိုသည်။

လက်ရှိ  ကျေးရွာ(၃)ရွာမှ လူဦးရေ(၁၀၀)ကျော်ခန့်သည် ဘုရားကျောင်းဝန်းထဲ၌ ရွှေ့ပြောင်းနေထိုင်နေကြပြီး အစားအသောက်များ လိုအပ်လျက် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

"ရွာ(၃)ခုက အိမ်ခြေ(၃၀)လောက်တော့ ရှိမယ်။ လူဦးရေ(၁၀၀)ကျော်လောက်ပေါ့။ အရင်အပတ် သောကြာနေ့ကတည်းက နေနေကြပြီ။ အစားအသောက်တွေ အရမ်းလိုအပ်နေတယ်။ နေတဲ့ နေရာကတော့ လောလောဆယ် အဆင်ပြေနေပါတယ်။"ဟု ၎င်းက ပြောသည်။

ဖားကန့်မြို့နယ်၊ ကပ်မှော်ဇွပ်ကျေးရွာတွင်လည်း ဖေဖော်ဝါရီလ (၅) ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့်  ဗုံးလာရောက်ကြဲခဲ့သောကြောင့် ကျေးရွာနေ ပြည်သူနှစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ပြီး (၄)ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...