ဒါရိုက်တာ ဝိုင်း နေအိမ်သို့ခေတ္တပြန်လာစဉ် ဖမ်းဆီးခံရ

ဒါရိုက်တာ ဝိုင်း နေအိမ်သို့ခေတ္တပြန်လာစဉ် ဖမ်းဆီးခံရ

သရုပ်ဆောင်၊ ဒါရိုက်တာ ဝိုင်းမှာ ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်တိုက်ခန်း၌ ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းနှင့်နီးစပ်သူ မိတ်ဆွေများက ပြောသည်။

"အဖမ်းခံရတာ ဟုတ်ပါတယ်။ အစက ဒီမှာသူ မရှိနေပါဘူး။ နေရာတစ်ခုမှာရှောင်နေတာပါ။ ခဏလေးပြန်ရောက်လာတုန်း အဖမ်းခံလိုက်ရတာပါ။ သူက ကျန်းမာရေးမကောင်းဘူးဆိုတာ သိရတော့ စိုးရိမ်ရပါတယ်"ဟု ဒါရိုက်တာ ဝိုင်း အဖမ်းခံရသည့်ဖြစ်စဥ်နှင့်ပတ်သက်ပြီး ၎င်း၏ မိတ်ဆွေက အတည်ပြုပေးခဲ့သည်။

အမှတ်(၃)၊ ၈ လွှာ၊ မဟာဇေယျလမ်း၊ (၇) ရပ်ကွက်၊ ပုဇွန်တောင်မြိုနယ်နေအိမ်တွင် ရှိနေသည့် သရုပ်ဆောင် ဒါရိုက်တာ ဝိုင်းအား ရဲကား နှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပုဇွန်တောင် ရဲစခန်း၌ ခေါ်ဆောင်စစ်ဆေးနေကြောင်း သိရသည်။

ဒါရိုက်တာ ဝိုင်းသည် နွေဦးတော်လှန်ရေး ပေါ် ပေါက်လာသည့် ဖေဖော်ဝါရီလ အစမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ၊ အနုပညာရှင်တို့၏ သပိတ်စစ်ကြောင်းများ၊ အစိုးရဝန်ထမ်းများအား CDM ပြုလုပ်ရေးအတွက် တိုက်တွန်းလှုံ့ ဆော်မှုများ ပြုလုပ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...