မြစ်ကြီးနား- ပူတာအိုခရီးသည်များ သတ်မှတ်ချိန်အတွင်းသာ သွားလာကြရန် ပူတာအို PDF သတိပေး

မြစ်ကြီးနား- ပူတာအိုခရီးသည်များ သတ်မှတ်ချိန်အတွင်းသာ သွားလာကြရန် ပူတာအို PDF သတိပေး

မြစ်ကြီးနားမြိုမှ ပူတာအိုသို့ ခရီးသွားမည့် မော်တော်ဆိုင်ကယ်၊ ကား၊ ကုန်တင်ကားများ နံနက် (၆)နာရီ မှ ညနေ (၅)နာရီ အတွင်းသာ သွားလာဖို့ ထုတ်ပြန်ထားပြီး ဖြစ်သောကြောင့် အများပြည်သူများ လိုက်နာကြဖို့ ပူတာအို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ခရိုင်က ပြန်လည်သတိပေး ထုတ်ပြန်လိုက်သည်။

ပြည်သူများအနေဖြင့် ညနေ (၅)နာရီထိုးလျှင် ရောက်သည့် နေရာ၌ ရပ်နားပေးပါရန် မေတ္တာရပ်ခံထားပြီးလိုက်နာမူမရှိပါက ဖြစ်ပေါ်လာသည့် ကိစ္စအဝဝသည် မိမိနှင့်သာ သက်ဆိုင်ကြောင်း ထပ်လောင်း သတိပေးထားသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဆွမ်ပီယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ Jet Figther လေယာဥ် (၂) စင်းဖြင့် လာရောက်ဗုံးကြဲခဲ့‌သောကြောင့် ပြည်သူများ ထိခိုက်မှု ရှိခဲ့သည့်အပြင် နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။

လက်ရှိ ပူတာအိုမြို့နယ်အတွင်းရှိ ဆွမ်ပီယန်၊ လုံးရှာယန် ကျေးရွာနေပြည်သူများသည် နှစ်ဖက်တပ် စစ်ရေးတင်းမာနေသည့် အခြေအနေများကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

April 1, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၉...
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။
March 31, 2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် တောင်ယာ၊...
March 25, 2026
ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်နေ့ကစပြီး လေကြောင်းလိုင်းတချို့က...
March 24, 2026
ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်က သက်ကြီးဘိုးဘွားတွေပဲရှိတဲ့ ခူထီကျေးရွာမှာ ဆန်နဲ့ ဆေးဝါး...