ကျောက်တန်းမြို့နယ်တွင် ရခိုင်ကလာသည့် မွတ်ဆလင် ၄၀ ကျော် ဖမ်းဆီးခံရ

ကျောက်တန်းမြို့နယ်တွင် ရခိုင်ကလာသည့် မွတ်ဆလင် ၄၀ ကျော် ဖမ်းဆီးခံရ
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က ဖမ်းဆီးခံရသော မွတ်ဆလင်များ။ (Photo Crd - Cape Diamond)
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က ဖမ်းဆီးခံရသော မွတ်ဆလင်များ။ (Photo Crd - Cape Diamond)

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ယမန်နေ့(ဖေဖော်ဝါရီလ ၈ ရက်)က မွတ်ဆလင် ၄၈ ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

ကျောက်တန်းမြို့နယ်၊ ဝဲကြီးပန်းချောင်းတံတားအောက်တွင် အဆိုပါမွတ်ဆလင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့်အထဲတွင် အမျိုးသမီး ၃၇ ဦး၊ အမျိုးသား ၉ ဦးတို့ပါဝင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သော အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကပြောသည်။

“အများစုက ဘူးသီးတောင်၊ မောင်တောဘက်က လာကြတယ်လို့သိရတယ်။ အဲဒီအထဲမှာ အကုန်လုံးကလူငယ်ပိုင်းတွေချည်းပဲ။ ကလေးတွေလည်းပါတယ်။ ပြီးတော့ သူတို့က ထိုင်းတို့၊ မလေးရှားတို့မှာ အလုပ်လုပ်ဖို့အတွက် ပွဲစားနဲ့လာတာလို့တော့သိရတယ်။ ပွဲစားကိုတော့မဖမ်းမိလိုက်ဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဖမ်းဆီးထားသူများကို ကျောက်တန်းမြို့၊ ကိုဗစ်စင်တာတွင်ထိန်းသိမ်းထားပြီး လဝကမှ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးမှုနှင့်ပတ်သက်၍ ကျောက်တန်းမြို့နယ် ရဲစခန်းသို့ DMG မှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ဖြေကြားခွင့်မရှိကြောင်းနှင့် မီဒီယာနှင့်အဆက်အဆံမလုပ်ကြောင်း တာဝန်ကျရဲတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

ယခုကဲ့သို့ဖြစ်စဉ်များမှာ အစိုးရအဆက်ဆက် မကြာခဏကြားနေရပြီး လွတ်လပ်စွာသွားလာခွင့်ကို အလေးထားရန်လိုအပ်သည်ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံကဆိုသည်။

“ဒီလိုမျိုးဖြစ်စဉ်တွေက အစိုးရအဆက်ဆက်ကြားနေရတယ်။ အစိုးရအနေနဲ့ သူတို့ကိုရခိုင်ပြည်နယ်ထဲမှာကျတော့ သွားလာခွင့်ပေးပြီး ပြည်မမှာမှဖမ်းနေလို့မရဘူး။ သူတို့ရဲ့ လွတ်လပ်စွာသွားလာခွင့်ကို အလေးထားဖို့လိုပါတယ်။ သူတို့ကတော့ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းမရှိရင် ဒါမျိုးတွေ ဆက်ဖြစ်နေမှာပါပဲ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်သည် အလုပ်အကိုင်အခွင့်အလမ်းရှားပါးသည့်အတွက် ပြည်နယ်အတွင်းနေထိုင်သူအများအပြားမှာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...