Published
Wednesday, February 09, 2022
တပ်မဟာ(၅)ဒေသမှာ စကစအုပ်ချုပ်ရေးယန္တရားတွေ ၁၀% သာရှိတော့တယ်လို့ KNLA နယ်မြေခံခေါင်းဆောင်တွေပြောပါတယ်။ (ဖေဖော်ဝါရီလ ၀၉၊ ၂၀၂၂)
- သောင်ရင်းမြစ်ဘေးတစ်လျှောက်မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အမိုးအကာမလုံလောက်ဘဲ နေရာထိုင်ခင်း အခက်အခဲရှိနေပါတယ်။
- ကေအဲန်ယူ မူတြော်(ဖာပွန်)ခရိုင်၊ ကေအဲန်အဲလ်အေ တပ်မဟာ (၅)ဒေသမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွေက ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့တယ်လို့ ကေအဲန်အဲလ်အေ နယ်မြေခံခေါင်းဆောင်တွေက ပြောပါတယ်။






