အဝေးသင်တက္ကသိုလ်မှာ ကျောင်းတက်သူ မရှိလောက်နည်းနေလို့ စစ်ကောင်စီက ကျောင်းအပ်ကာလ သက်တမ်းထပ်တိုး

အဝေးသင်တက္ကသိုလ်မှာ ကျောင်းတက်သူ မရှိလောက်နည်းနေလို့ စစ်ကောင်စီက ကျောင်းအပ်ကာလ သက်တမ်းထပ်တိုး

နိုင်ငံတဝန်းက အဝေးသင်တက္ကသိုလ်တွေမှာ ကျောင်းတက်သူ မရှိလောက်နည်းနေတဲ့အတွက်ကြောင့် စစ်ကောင်စီက ကျောင်းအပ်ကာလကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ထိ သက်တမ်းထပ်တိုးလိုက်တယ်လို့ Non CDM တက္ကသိုလ် ဆရာ၊ဆရာမတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အဝေးသင်တက္ကသိုလ်မှာ သိပ္ပံဘာရပ်ဘာသာ စတုတ္ထသင်တန်းတွေကို ဇန်နဝါရီ ၂၂ ရက်နေ့ကစပြီး ဖွင့်လှစ်ခဲ့တာပါ။

မော်လမြိုင်တက္ကသိုလ်မှာတော့ အဝေးသင်အတွက် ကျောင်းလာအပ်ထားတဲ့ ကျောင်းသာ ၆၀ လောက်သာ ရှိပြီး အများစုကတော့ ကျောင်းမတက်ကြသေးဘူးလို့ Non CDM တက္ကသိုလ် ဆရာမတစ်ဦးက ပြောပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ အဝေးသင် သိပ္ပံဘာသာရပ် စတုတ္ထနှစ်ကျောင်းသူ၊ကျောင်သား ၅၀၀ ထက်မနည်း ရှိနေတာပါ။

မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ကတော့ စစ်ကောင်စီက ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေကို ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ ကျောင်းမတက်ဘဲ သပိတ်ဆက်မှောက်ပေးဖို့နဲ့ တက်ရောက်မယ့်သူတွေ ကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

မော်လမြိုင် တက္ကသိုလ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ပြီးခဲ့တဲ့ မေလတုန်းက ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ ပါရဂူဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေကိုတော့ ကျောင်းသူ၊ကျောင်းသား ၄၀၀ ကျော် တက်ရောက်ခဲ့တာ ဖြစ်ပြီး၊ ကျောင်းတက်ရောက်သူ အားလုံးကို စစ်ကောင်စီက မအောင်မနေရ စနစ်ဖြင့် စာမေးပွဲ အောင်ပေးခဲ့တာပါ။

မော်လမြိုင်တက္ကသိုလ်မှာတော့ အဝေးသင်းနဲ့ Day ကျောင်းသား ၅ သောင်းကျော်ရှိနေတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...