နိုင်ငံတဝန်းက အဝေးသင်တက္ကသိုလ်တွေမှာ ကျောင်းတက်သူ မရှိလောက်နည်းနေတဲ့အတွက်ကြောင့် စစ်ကောင်စီက ကျောင်းအပ်ကာလကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ထိ သက်တမ်းထပ်တိုးလိုက်တယ်လို့ Non CDM တက္ကသိုလ် ဆရာ၊ဆရာမတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ အဝေးသင်တက္ကသိုလ်မှာ သိပ္ပံဘာရပ်ဘာသာ စတုတ္ထသင်တန်းတွေကို ဇန်နဝါရီ ၂၂ ရက်နေ့ကစပြီး ဖွင့်လှစ်ခဲ့တာပါ။
မော်လမြိုင်တက္ကသိုလ်မှာတော့ အဝေးသင်အတွက် ကျောင်းလာအပ်ထားတဲ့ ကျောင်းသာ ၆၀ လောက်သာ ရှိပြီး အများစုကတော့ ကျောင်းမတက်ကြသေးဘူးလို့ Non CDM တက္ကသိုလ် ဆရာမတစ်ဦးက ပြောပါတယ်။
မော်လမြိုင်တက္ကသိုလ်မှာတော့ အဝေးသင် သိပ္ပံဘာသာရပ် စတုတ္ထနှစ်ကျောင်းသူ၊ကျောင်သား ၅၀၀ ထက်မနည်း ရှိနေတာပါ။
မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ကတော့ စစ်ကောင်စီက ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေကို ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ ကျောင်းမတက်ဘဲ သပိတ်ဆက်မှောက်ပေးဖို့နဲ့ တက်ရောက်မယ့်သူတွေ ကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။
မော်လမြိုင် တက္ကသိုလ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ပြီးခဲ့တဲ့ မေလတုန်းက ပြန်လည် ဖွင့်လှစ်ခဲ့တဲ့ ပါရဂူဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေကိုတော့ ကျောင်းသူ၊ကျောင်းသား ၄၀၀ ကျော် တက်ရောက်ခဲ့တာ ဖြစ်ပြီး၊ ကျောင်းတက်ရောက်သူ အားလုံးကို စစ်ကောင်စီက မအောင်မနေရ စနစ်ဖြင့် စာမေးပွဲ အောင်ပေးခဲ့တာပါ။
မော်လမြိုင်တက္ကသိုလ်မှာတော့ အဝေးသင်းနဲ့ Day ကျောင်းသား ၅ သောင်းကျော်ရှိနေတာ ဖြစ်ပါတယ်။







