Published
Sunday, February 06, 2022
အမိုးအကာမလုံခြုံ၍ စစ်ဘေးဘေးရှောင်မိန်းခလေးငယ်အတွက် လုံခြုံမှုအားနည်းလာ (ဖေဖော်ဝါရီလ ၀၆၊ ၂၀၂၂)
- ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းမှာ အေအေနဲ့ ပတ်သက်တဲ့ သံသယကြောင့် ဖမ်းဆီးခံရတဲ့လူငယ်တွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ ပြည်နယ်ဥပဒေချုပ်က ပြောပါတယ်။
- မာန်အောင်မြို့လေယာဉ်ကွင်း တိုးချဲ့မယ့်နေရာမှာ အိမ်မြေနေရာကို ဖယ်ရှားမပေးတဲ့သူနှစ်ယောက်ကို တရားစွဲထောင်ချဖို့အထိ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
- ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ အချိန်ကြာမြင့်စွာနေထိုင်လာရတာနဲ့အမျှ အမိုးအကာမလုံခြုံတာတွေဖြစ်လာတာကြောင့် စခန်းနေ အမျိုးသမီးတွေ၊ အထူးသဖြင့် မိန်းခလေးငယ်တွေအတွက် လုံခြုံမှုအားနည်းလာနေတယ်လို့ ဆိုပါတယ်။






