Published
Saturday, February 05, 2022
ကိုဗစ်-၁၉ ကူးစက်ခံရသူများလာတဲ့ကလေးမြို့မှာ ခရီးသည်တင်ယာဉ်လိုင်းအားလုံးကိုပိတ်ထား
ချင်းလူမျိုးတွေအများစုနေထိုင်ကြတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေများလာကြောင့် ကလေးမြို့ကနေ တခြားမြို့တွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင်မော်တော်ယာဉ်လိုင်းတွေအားလုံးကို စစ်ကောင်စီကပိတ်လိုက်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ၉ လကြာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား တစ်ထောင်ကျော်ကျဆုံးပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၅၀ ကျော်ကျဆုံးခဲ့တယ်လို့ Chinland Joint Defense Committee က ထုတ်ပြန်ထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်အမှတ် (၂) ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံအများစုဟာ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။






