မြန်မာနိုင်ငံသား ၂၅၀ ကျော် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

မြန်မာနိုင်ငံသား ၂၅၀ ကျော် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်သည့် နယ်စပ်ဂိတ် နှစ်နေရာတွင် နှစ်ရက် အတွင်း မြန်မာနိုင်ငံသား ၂၅၀ ဦးကျော်ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီး အရေးယူခဲ့ကြောင်း ဒေသတွင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂ရက်နေ့နှင့် ၃ ရက်နေ့တို့၌ ဖမ်းဆီးမိထားသူများစာရင်းကို ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၅၃ ဦး သည် ထိုင်းနိုင်ငံရှိ ခရိုင်များ ဖြစ်သည့် စမုဆာခွန်ခရိုင်၊ ရယောင်းခရိုင်၊ ကန်ကျနဘူရီခရိုင်နှင့် ဗန်ကော်မြို့တော် စသည့် နေရာများတွင် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်ရှာဖွေရန် တရားမဝင်သော နည်းလမ်းများဖြင့် လူမှောင်ခိုလမ်းနှင့် ထိုင်းသို့ ဝင်ရောက်ရာကနေ မြန်မာ-ထိုင်းနယ်စပ် ကန်ချနဘူရီခရိုင် ဆိုင်ယို့မြို့နယ်နှင့် စံခလဘူရီမြို့နယ်တို့တွင် နှစ်ရက်အတွင်း တရားမဝင် ဝင်ရောက်လာစဉ် ဖမ်းဆီး ခံရခြင်း ဖြစ်သည်ဟု သိရ သည်။

လက်ရှိတွင် ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် ထိုင်းတွင် အလုပ်ရဖို့ တစ်ဦးကို ဘက်ငွေ ၁၈၀၀၀ ကနေ ၂၅၀၀၀ ဘတ်ထိ ကုန်ကျခံပြီး ရောက်ရှိလာသူများ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းတွင် ကမ္ဘေဒီးယားနိုင်ငံသား ၁၈၅ ဦးကို MOU ဖြင့် ထိုင်းကို ဝင်ခွင့် ပေးခဲ့ပြီး မကြာမီရက်ပိုင်း အတွင်းမှာ ထိုင်းအစိုးရက မြန်မာနိုင်ငံသားများကိုလည်း တရားဝင် MOU ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ထိုင်းသတင်းတချို့တွင် ရေးသားဖော်ပြချက် အရသိရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...