KIA သိမ်းပိုက်ထားသည့် ဆွမ်ပီယန်ကျေးရွာအား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

KIA သိမ်းပိုက်ထားသည့် ဆွမ်ပီယန်ကျေးရွာအား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်‌ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီဘက်ကနေ Jet Figther လေယာဉ် (၂) စင်းနဲ့ လာရောက် ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးပြီး ရွာသူ/သားများ ထိခိုက်ခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဆွမ်ပီယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ယနေ့ ညနေပိုင်း (၄) နာရီခွဲချိန်‌ခန့်က Jet Figther လေယာဥ် (၂) စင်းနဲ့ လာရောက်ဗုံးကြဲခဲ့တာ‌ကြောင့် လူနေအိမ် (၅) လုံးပျက်စီးပြီး ဒေသခံရွာသား (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

" ဂျပ်ဖိုက်တာ (၂) စီးနဲ့ ဗုံးလာကြဲတာ ရွာသား (၅) ယောက် မိုင်းထိတာ (၄) ယောက်ပဲ တွေ့သေးတယ်။ (၁) ယောက်က ရှာလို့ မတွေ့သေးဘူး။ လူနေအိမ်ဆိုလဲ (၅) အိမ်က ရစရာကို မရှိအောင် မီးလောင်သွားပြီ။ ကျန်တဲ့အိမ်တွေလည်း နည်းနည်းပါးပါး ထိခိုက်တာတွေ ရှိတယ်" လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိချိန် ထိခိုက်ဒဏ်ရာ ရရှိသည့် ရွာသူ/သားများအား ရွာအတွင်းရှိ ဆရာ/မများနှင့် အတတ်နိုင်ဆုံး ဆေးကုသပေး‌‌နေကြောင်းလည်း သိရသည်။

ဆွမ်ပီယန်တပ်စခန်းသည် ယခင်က အကြမ်းဖက်စစ်ကောင်စီတပ် စခန်းချနေထိုင်သည့် ကျေးရွာဖြစ်ပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော်( KIA) ဘက်က ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည့်  ကျေးရွာဖြစ်သည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...