နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေမကောင်း၍ ရုံးချိန်း ခွင့်ယူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေမကောင်း၍ ရုံးချိန်း ခွင့်ယူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းဖြစ်နေသည့်အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

စီမံ၊ ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းနှင့် ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့မှာလည်း ဆေးရုံတက်ရောက်ကုသနေရဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ရုံးချိန်းမှာ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ငါးဦးကို စွဲဆိုထားသည့် ပုဒ်မ ၃(၁)(ဂ)အမှုကို စစ်ဆေးရန် ချိန်းဆိုထားခြင်းဖြစ်သည်။

ထို့ကြောင့် ယနေ့ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့ပြီး နောက်တစ်ပတ်ကြာသပတေးနေ့သို့ ထပ်မံချိန်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရပြီး ပုဒ်မပေါင်းများစွာဖြင့် တရားစွဲခံထားရသည်။ ထိုအထဲမှ အမှု ငါးမှုအတွက် ထောင်ဒဏ် ရှစ်နစ်ချမှတ်ခံထားရပြီး နှစ်နှစ်ကို ပြန်လည်လျော့ပေါ့ပေးကြောင်း သူ့ကိုဖမ်းဆီးခဲ့သော အာဏာသိမ်း စစ်ကောင်စီက ကြေညာခဲ့သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...