ရခိုင်ပြည်က လူဦးရေ တစ်သန်းကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေဟု UNOCHA ပြော

ရခိုင်ပြည်က လူဦးရေ တစ်သန်းကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေဟု UNOCHA ပြော

ရခိုင်ပြည်တွင် ခန့်မှန်း လူဦးရေ ၂.၄ သန်းရှိသည့်အနက် ၁.၅ သန်း လူဦးရေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ UNOCHA မှ DMG သို့ ပေးပို့သည့် ၂၀၂၂ မြန်မာလူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ် ထုတ်ပြန်ချက်အရ သိရသည်။

အကူအညီလိုအပ်နေ‌သော ၁.၅ သန်းထဲက ၁.၁ သန်းကို အကူအညီပေးနိုင်ရန် ယခု ၂၀၂၂ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးစီမံချက်တွင် ထည့်သွင်းထားပြီး အမေရိကန်ဒေါ်လာ ၁၅၂.၁ သန်း လိုအပ်မည်ဟု UNOCHA က ပြောဆိုထားသည်။

ယင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို ရခိုင်က အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၇ ဖွဲ့ဖြင့် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ramanathan BALAKRISHNAN က “ လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဝင်ငွေရှာဖွေဖို့ မဖြစ်နိုင်တော့ဘဲနဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၀၅ ခုနှစ်ကတည်းက မြင်တွေ့ရခြင်းမရှိတော့တဲ့ အခြေအနေကို ပြန်သွားနေပါတယ်။ အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးမှုတို့ ပေါင်းစပ်လိုက်ခြင်းနဲ့ စျေးနှုန်းတွေမြင့်မားလာခြင်းဆိုတဲ့ အဓိပ္ပာယ်ဟာ မိသားစုများစွာဟာ စားနပ်ရိက္ခာလုံလောက်မှုအတွက် မတက်နိုင်တော့ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်မှုသို့ ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ရလဒ်အနေဖြင့် လူပေါင်း ၁၃ သန်းကျော်ဟာ ယခုအခါ အလယ်အလတ် သို့မဟုတ် ပြင်းထန်တဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွင် ကြုံတွေ့နေရပြီး ယခုကျွန်ုပ်တို့ စွက်ဖက်ခြင်းမရှိပါက အာဟာရချို့တဲ့မှု အလားအလာကို အလွန်ဆိုးရွားစွာကြုံတွေ့ရနိုင်ပါတယ်။ လူတွေက အသက်ရှင်သန်ရပ်တည်ရေးအတွက် အန္တရာယ်ရှိတဲ့ ရင်ဆိုင်ဖြေရှင်းနည်းဗျူဟာများကို တိုးပြီးအသုံးပြု လာနေပြီး အဲဒီဟာက ကာကွယ်မှုဆိုင်ရာဘေးထွက်ဆိုးကျိုးတွေဆီကိုဦးတည်စေပါတယ်”  ဟု ပြောသည်။

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသော လူဦးရေမှာ ၁၄.၄ သန်းအထိ ရှိလာမည်ဟု  ခန့်မှန်းထားပြီး ၎င်းတို့ကို ပံ့ပိုးပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၈၂၆ သန်းကို အရေးပေါ်တောင်းခံထားကြောင်း UNOCHA က ဆိုသည်။

အထူးသဖြင့် ရန်ကုန်တိုင်းဒေသအတွက် ထောက်ပံ့ရမည့် လူဦးရေနှင့် ၎င်းတို့အတွက် အသုံးပြုရမည့် ငွေကြေးမှာ ရခိုင်ပြည်ထက် ပိုမိုများပြားသည်ဟု သိရသည်။

၂၀၂၁ ခုနှစ်သည် မြန်မာပြည်သူများအတွက် မကြုံစဖူးသော ဝေဒနာများဖြင့် တုန်လှုပ်ဖွယ်ရာ နှစ်တစ်နှစ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် လွန်ခဲ့သည့် ၁၅ နှစ်အတွင်းက ရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်မှု အများအပြားသည် ယခုအခါ စီးပွားရေးမတည်ငြိမ်မှုများ၊ ကိုဗစ်ကပ်ရောဂါနှင့် ပြင်းထန်လာသော ပဋိပက္ခတို့ကြောင့် ဝမ်းနည်းဖွယ်ရာ ခြိမ်းခြောက်ခံနေရသည်ဟု ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးက ပြောသည်။

ထို့ကြောင့် ဆင်းရဲဒုက္ခများကို လျှော့ချနိုင်ရန်နှင့် လူသားချင်းစာနာမှုလိုအပ်နေသော ပြည်သူများကို လျှင်မြန်စွာ ကူညီပံ့ပိုးပေးနိုင်ရန် ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေး၊ ရန်ပုံငွေတိုးမြှင့်ရေးနှင့် ဗီဇာနှောင့်နှေးမှုများ ကဲ့သို့သော ပိတ်ဆို့မှုများကို ဖယ်ရှားကာ ဘဏ်လုပ်ငန်းကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ramanathan BALAKRISHNAN က တိုက်တွန်းထားသည်။

ပုံစာ - ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ မြိုတိုင်းရင်းသားများအား တွေ့ရစဉ်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...