ရန်ကင်းမြို့နယ် ယာဉ်ထိန်းရဲကင်းအနီး ဗုံးပေါက်ကွဲ

ရန်ကင်းမြို့နယ် ယာဉ်ထိန်းရဲကင်းအနီး ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းနှင့်ရတနာလမ်းထောင့်ရှိ ယာဉ်ထိန်းရဲရုံးအတွင်း ယနေ့ ဖေဖော်ဝါရီလ ၃ရက် နံနက် အစောပိုင်းက ဗုံးတစ်လုံး‌ ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကို လာ‌ရောက်စစ်ဆေးသည့် စစ်သားများ နောက်ထပ်ဗုံးတစ်လုံးဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ပထမဗုံးတစ်လုံး ပေါက်ကွဲပြီးချိန်တွင် အကြမ်းဖက်စစ်တပ် ပိုင်ဆိုင်သည့် ရန်ကင်း မိုးကောင်းရတနာ ဆေးရုံအတွင်းမှ အကြမ်းဖက်စစ်သားများ အခင်း ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး စစ်ဆေးနေစဥ် နောက်ထပ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်တပ်သားတချို့ဒဏ်ရာရရှိခဲ့ပြီး CCTV Control Box လည်း ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း ရန်ကုန်မြို့ရှိ ယာဉ်ထိန်း ရဲကင်းများနှင့် CCTV Control Box များ ဗုံးခွဲ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး စစ်‌ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင် ပျံလွှားအောင် အမည်ဖြင့် စစ်ဆင်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့်တစ်ပတ်အတွင်း စစ်ရေးပစ်မှတ်များ နှင့် စစ်ဘက်ထောက်တိုင်ပစ်မှတ် ၄၆ခုကို ပြောက်ကျား စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...