Published
Wednesday, February 02, 2022
စကစတပ်ထိုးစစ်ဆင်မှုကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတိမ်းရှောင်နေရပြီး စာသင်ကျောင်းတချို့ပိတ်ထားရပါတယ်။ (ဖေဖော်ဝါရီလ ၀၂၊ ၂၀၂၂)
- ကေအဲန်ယူ ထိန်းချုပ်နယ်မြေတချို့မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စာသင်ကျောင်းတချို့လည်း ပိတ်ထားလိုက်ရပါတယ်။
- ဖာပွန်မြို့ထဲက စစ်ကောင်စီလက်အောက်ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းအားလုံး (၁၀)ရက် အတွင်း ထွက်ခွာသွားဖို့ KNLA တပ်မဟာ(၅)က သတိပေးစာထုတ်ပြန်လိုက်ပါတယ်။
- စစ်ဘေးဒုက္ခသည်တွေအတွက် လူသားခြင်းစာနာထောက်ထားမှုအကူအညီအပြင် စစ်ရေးအရ လေယာဉ်မပျံသန်းရေးဇုံနဲ့ လုံခြုံရေးနေရာတွေကိုပါ သတ်မှတ်ပေးဖို့လိုတယ်လို့ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေက တိုက်တွန်းတောင်းဆိုထားပါတယ်။






