ပုလဲမြို့နယ် မွေ့တုံရွာနှင် ပန်းရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး

ပုလဲမြို့နယ် မွေ့တုံရွာနှင် ပန်းရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလ ၃၁ ရက်နေ့၌ မြိုင်မြို့နယ်မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး မွေ့တုံရွာတွင် တပ်စွဲကာ ည ၈ နာရီအချိန်ခန့်က နေအိမ်များကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁ ရက် မနက် ၁နာရီခန့်တွင် မွေ့တုံရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိသော ပန်းရွာ ကျေးရွာအားဝင်ရောက်၍ ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

"မွေ့တုံရွာကို ကြက်ခြေခက်ပုံစံ မီးရှို့သွားတာ။ တစ်ရွာလုံးလောင်အောင်ရှို့တဲ့ပုံပဲ။ ည၁နာရီလောက်ကျတော့ ပန်းရွာကိုဝင်ရှို့တယ်။ ရုတ်တရက် ဝင်ရှို့တော့ လူတွေကထွက်ပြေးလို့ရပေမယ့် ဘာပစ္စည်းမှ မယူသွားနိုင်ခဲ့ဘူး။ အကုန်လောင်ကုန်တာ၊ တချို့က ရွာထဲဝင်ပြီးမီးဝင်ငြှိမ်းကြတယ်။ အဲ့တော့ ဟိုကောင်တွေက ပြန်လှည့်လာပြီး သေနတ်နဲ့လိုက်ပစ်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

အိမ်ခြေ ၂၅၀ ခန့်ရှိသည့် မွေ့တုံရွာသည် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ခန့်မှာ မီးလောင်ပျက်စီးသွားရကြောင်း ရွာခံများက ပြောသည်။

ပန်းရွာသည်  အိမ်ခြေ ၈၀၀ ခန့်ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီ၏မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ဆုံးရှုံးသွားကာ လူဦးရေ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

မွေ့တုံရွာနှင့် ပန်းရွာသည် ပုလဲမြို့နှင့် နှစ်မိုင်ကျော်ကျော်သာ ဝေးသောရွာများဖြစ်ပြီး စစ်ကောင်စီတပ်သည်  ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် တနယ်ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာသွားသည်ဟု ဒေသခံကဆိုသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...