အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့် ထွက်ပြေးရသည့် ကလေးငယ်ပေါင်း ၁၅၀၀၀၀ ကျော် ရှိ

အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့် ထွက်ပြေးရသည့် ကလေးငယ်ပေါင်း ၁၅၀၀၀၀ ကျော် ရှိ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီး တစ်နှစ်အတွင်း ကလေးငယ်များနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီပေးသူများအပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ပြင်းထန်လျက် ရှိနေသည်။

ကုန်လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်းမှာပင် ကရင်နီပြည်နယ် စစ်ကိုင်းတိုင်းတို့၌ စစ်တပ်၏ ဗုံးခွဲမှုများနှင့် စီးနင်းမှုများအတွင်း ကလေးငယ်များ သေဆုံးကြရသည်။ ကရင်နီပြည်နယ်၌ ပြည်တွင်းရွှေ့ပြောင်းသူများ၏ စခန်းကို ဗုံးကြဲမှုလည်း အပါအဝင် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်၌ အိုးအိမ်စွန့် ထွက်ပြေးရသည့် ကလေးငယ်ပေါင်း ၁၅၀၀၀၀ အနည်းဆုံး ရှိသည်ဟု Save The Children အဖွဲ့အရ သိရသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများနှင့် နေရပ်ရွှေ့ပြောင်းရမှုများမှ ကလေးငယ်များအား ကာကွယ်ပေးရေး၌လည်း ကုလသမဂ္ဂသည် အကျပ်အတည်းအား ယနေ့တွင် တံခါးဖွင့်ဆွေးနွေးရေးအတွက်လည်း မအောင်မမြင် ဖြစ်ခဲ့သည်။

မကြာသေးသော ကုလသမဂ္ဂ၏ စာရင်းများအရ လွန်ခဲ့သည့် တစ်နှစ်ခန့်က စစ်အာဏာသိမ်းချိန်မှ နောက်ပိုင်း မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၄၀၅၇၀၀ အနည်းဆုံး ရှိကြောင်း သိရသည်။ ယင်းနှုန်းထားသည် ပြီးခဲ့သည့်လကထက် ၂၇ ရာခိုင်နှုန်း တိုးမြင့်လာခြင်းပဲ ဖြစ်သည်။  

မြန်မာနိုင်ငံအတွင်း နေရပ်ရွှေ့ပြောင်းရသူ စုစုပေါင်း၏ ခန့်မှန်းခြေ ၃၇ ရာခိုင်နှုန်းမှာ ကလေးငယ်များ ဖြစ်ကြပြီး ကလေးအများစုမှာ တောစပ်ရှိ ယာယီတဲစခန်းများ၌ နေကြရပြီး အစာရေဆာ ဝလင်ခြင်း မရှိ၊ နာမကျန်းဖြစ်ခြင်းများနှင့် ဘေးအန္တရာယ် ကာကွယ်ရေးများ လိုအပ်နေသည်ဟု အကူအညီပေးရေး Save The Children အဖွဲ့က ပြောသည်။

တိုက်ပွဲများသည် မကြာသေးသည့်လများအတွင်း အရှေ့တောင်ပိုင်း ကရင်နီပြည်နယ်၌ အထူးသဖြင့် အရှိန်မြင့် ဖြစ်ပွားနေသည်။ ပြီးခဲ့သည့် အပတ်က ယင်းပြည်နယ်ရှိ ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူများ တဲစခန်းကို ဗုံးထိမှန်ရာ၌ ဆယ်ကျော်သက်အရွယ် ညီအစ်မနှစ်ဦး သေဆုံးခဲ့ရသည်။

မကြာသေးသော ကုလသမဂ္ဂ၏ စာရင်းအရ ၂၀၂၁ ဖေဖော်ဝါရီမှစကာ ကရင်နီပြည်နယ်၌ နေရပ်စွန့်ထွက်ပြေးရသူပေါင်း ၉၁၄၀၀ ဝန်းကျင်ရှိသည်ဟု ဖော်ပြထားသော်လည်း ယခုနှစ် အစောပိုင်း ပြည်တွင်းသတင်းများအရ အမှန်နှုန်းထားသည် ထိုထက်များစွာ မြင့်မားပြီး ပြည်နယ်လူဦးရေ ၃၀၀၀၀၀ ၏ ထက်ဝက်ကျော်မက ရှိသည်ဟု ဖော်ပြထားသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...