CDM မှ Non CDM ဝန်ထမ်း လစာကို ဌာနဆိုင်ရာ အကြီးအကဲတွေ ထုတ်ယူသုံးစွဲခဲ့

CDM မှ Non CDM ဝန်ထမ်း လစာကို ဌာနဆိုင်ရာ အကြီးအကဲတွေ ထုတ်ယူသုံးစွဲခဲ့

CDM ပြုလုပ်ပြီးမှ ရုံးပြန်တက်ခဲ့တဲ့ Non CDM ဝန်ထမ်းတွေရဲ့ လစာတွေကို ဌာနဆိုင်ရာ အကြီးအကဲတွေက ထုတ်ယူသုံးစွဲခဲ့တယ်လို့ ရုံးပြန်တက်နေတဲ့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံဝန်ထမ်းအများစုဟာ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းတချို့ ရုံးပြန်တက်ခဲ့ကြတာပါ။

CDM မှ Non CDM ဝန်ထမ်းတွေဟာ စစ်တပ် အာဏာသိမ်းပြီး ၅ လ ၊ ၆ လလောက်မှ ရုံးပြန်တက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဌာနဆိုင်အကြီးအကဲတွေကတော့ ရုံးပြန်တက်တဲ့ Non CDM ဝန်းထမ်းတွေရဲ့ CDM ကာလဟာ ၁ လလောက်သာ ရှိတယ်လို့ ရုံးချုပ်ကို အစီရင်ခံစာ တင်ပြပြီး ကျန်လစာငွေတွေကို ထုတ်ယူသုံးစွဲခဲ့တယ်လို့ ရုံးပြန်တက်နေတဲ့ Non CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

အဲဒီလစာငွေကိုတော့ ဌာနဆိုင်ရာအသီးသီးရှိ ခရိုင်အဆင့်မှ ပြည်နယ်အဆင့်ထိ အကြီးအပိုင်း တာဝန်ရှိသူတွေက ပူးပေါင်းပြီး ထုတ်ယူသုံးစွဲခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးဌာနတချို့မှ ဝန်ထမ်းတွေဟာ CDM မှ NON CDM အဖြစ် အလုပ်တာဝန်ပြန်လည်ထမ်းဆောင်ချိန်မှ စပြီး ယနေ့အချိန်ထိ လစာငွေ ခံစားခွင့် မရတဲ့သူတွေ ရှိနေပြီး အဲဒီအထဲမှာ ပညာရေးဝန်ထမ်း အများဆုံး ပါဝင်နေပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...