CDM မှ Non CDM ဝန်ထမ်း လစာကို ဌာနဆိုင်ရာ အကြီးအကဲတွေ ထုတ်ယူသုံးစွဲခဲ့

CDM မှ Non CDM ဝန်ထမ်း လစာကို ဌာနဆိုင်ရာ အကြီးအကဲတွေ ထုတ်ယူသုံးစွဲခဲ့

CDM ပြုလုပ်ပြီးမှ ရုံးပြန်တက်ခဲ့တဲ့ Non CDM ဝန်ထမ်းတွေရဲ့ လစာတွေကို ဌာနဆိုင်ရာ အကြီးအကဲတွေက ထုတ်ယူသုံးစွဲခဲ့တယ်လို့ ရုံးပြန်တက်နေတဲ့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံဝန်ထမ်းအများစုဟာ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းတချို့ ရုံးပြန်တက်ခဲ့ကြတာပါ။

CDM မှ Non CDM ဝန်ထမ်းတွေဟာ စစ်တပ် အာဏာသိမ်းပြီး ၅ လ ၊ ၆ လလောက်မှ ရုံးပြန်တက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဌာနဆိုင်အကြီးအကဲတွေကတော့ ရုံးပြန်တက်တဲ့ Non CDM ဝန်းထမ်းတွေရဲ့ CDM ကာလဟာ ၁ လလောက်သာ ရှိတယ်လို့ ရုံးချုပ်ကို အစီရင်ခံစာ တင်ပြပြီး ကျန်လစာငွေတွေကို ထုတ်ယူသုံးစွဲခဲ့တယ်လို့ ရုံးပြန်တက်နေတဲ့ Non CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

အဲဒီလစာငွေကိုတော့ ဌာနဆိုင်ရာအသီးသီးရှိ ခရိုင်အဆင့်မှ ပြည်နယ်အဆင့်ထိ အကြီးအပိုင်း တာဝန်ရှိသူတွေက ပူးပေါင်းပြီး ထုတ်ယူသုံးစွဲခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးဌာနတချို့မှ ဝန်ထမ်းတွေဟာ CDM မှ NON CDM အဖြစ် အလုပ်တာဝန်ပြန်လည်ထမ်းဆောင်ချိန်မှ စပြီး ယနေ့အချိန်ထိ လစာငွေ ခံစားခွင့် မရတဲ့သူတွေ ရှိနေပြီး အဲဒီအထဲမှာ ပညာရေးဝန်ထမ်း အများဆုံး ပါဝင်နေပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...