ကျောက်ဆည်မြို့ မြို့မရဲစခန်းကို KDDF အဖွဲ့ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ကျောက်ဆည်မြို့ မြို့မရဲစခန်းကို KDDF အဖွဲ့ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြို့မ ရဲစခန်းကို ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့ Kyaukse District Defense Force (KDDF) က ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြို့မ ရဲစခန်းခြံဝင်း အရှေ့ဘက်ခြမ်းသို့ ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဗုံးတစ်လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ပုံမှန်ဆို ကင်းပုံးတွေ ချထားတာရှိတယ်။ အခု လူအင်အား နည်းသွားလို့လားမသိဘူး။ ကင်းက အရင်ကလောက် မရှိတော့ဘူး။ ကျွန်တော်တို့ အထဲထိကို ပစ်လိုက်တာဗျ။ မြေတွေပါ တုန်တယ်။ အသံလည်း တော်တော်ကျယ်တယ်” ဟု KDDF အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အဆိုပါ ရဲစခန်းရှေ့၌ ရဲများ အပါအဝင် အရပ်ဝတ်များဖြင့်ပါ အင်အား စုစုပေါင်း ခုနစ်ဦးခန့် စောင့်ကြပ် နေကြသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် ရှိသည့် ထိုရဲစခန်းကို ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက် သေဆုံးမှု အသေးစိတ်ကိုမူ လုံခြုံရေးအရ သွားရောက် စုံစမ်းနိုင်ခြင်း မရှိ၍ မသိရသေးပေ။

ပြီးခဲ့သည့် ၂၀၂၁ ခုနစ် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း အဆိုပါ မြို့မ ရဲစခန်းကို KDDF အဖွဲ့က ဗုံးခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...