ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူကြိုးပမ်းမည်ဟု KIO ထုတ်ပြန်

ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူကြိုးပမ်းမည်ဟု KIO ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူကြိုးပမ်းမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO) က ယနေ့ ဇန်နဝါရီလ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

မြန်မာ့နွေဦး တော်လှန်ရေး တစ်နှစ်ပြည့်မည့်အချိန်တွင် KIO က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

မြန်မာ့ပြည်တွင်းစစ်နှင့် ကြုံတွေ့လာရသည့် အခက်အခဲအကြပ်အတည်းများကို ဖြေရှင်းပေးရန် ကြိုးပမ်းနေသည့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် SAC-M အဖွဲ့များကိုလည်း ကျေးဇူးတင်ကြောင်း KIO က ဆိုသည်။

အာဏာသိမ်းယူထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြဿနာ အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် တရားမျှတမှုကို အခြေခံပြီး ပြည်သူများ၏ ဆန္ဒကိုသဘောထားရန်လိုအပ်ကြောင်း KIO ကဆိုသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲကာလရှည်ကြာပြီး အကြပ်အတည်းကို အချိန်မီ မဖြေရှင်းပါက အလုံးစုံပျက်သုဉ်းရေးသို့ ရောက်ရှိသွားနိုင်သည်ဟု KIO ကသတိပေးထားသည်။

အရပ်ဘက်လူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများ မပြုလုပ်ရန်၊ လူထုအား အကာအကွယ်ပေးရေး၊ အစားအစာ လုံခြုံရေး၊ COVID -19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကိစ္စများကို နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများက ပိုမိုထိရောက်စွာအကူအညီပေးရန် KIO ကတောင်းဆိုသည်။

ထို့ပြင် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်း အားကစားပြိုင်ပွဲကို တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပမည်ဖြစ်သဖြင့် တရုတ်နိုင်ငံအနေဖြင့် နယ်စပ်တည်ငြိမ်ရေး၊ မြန်မာတွင် စစ်ပွဲများရပ်ထားရေး တိုက်တွန်းချက်များရှိသဖြင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် အလေးပေး စဉ်းစားရမည့်အချက်ဖြစ်သည်ဟု KIO က ထောက်ပြထားသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...