ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ဒေသခံသုံးရာကျော် နီးစပ်ရာတောတောင်များကိုထွက်ပြေးခိုလှုံရ

ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ဒေသခံသုံးရာကျော် နီးစပ်ရာတောတောင်များကိုထွက်ပြေးခိုလှုံရ

ကေအန်ယူတပ်မဟာ(၁)နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ် ကဒိုင်ဒွတ်နှင့် မဲရုံးကြီးကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းအဖွဲ့ကြား ဇန်နဝါရီ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

မဲရုံးကြီး၊ လေးဘေမှ မိုးဘောကျေးရွာသို့လာသည့် စစ်ကောင်စီတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကေအန်ယူတပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးမှ DMG ကိုပြောသည်။

"မဲရုံးကြီးနဲ့ ဆောင်နိုင်ကြီးကျေးရွာကြားကနေပြီးတော့ စစ်ကောင်စီတပ်ကား ၉ စီး အင်အားက ၅၀ ကျော်လောက်က အလုံးအရင်းတက်လာတယ်။ အဲဒီကနေ ဒိုင်ကဒွက်ကျေးရွာကိုအရောက်မှာ ဒီဘက်ကပူးပေါင်းအဖွဲဲ့နဲ့တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"ဟု ၄င်းမှပြောသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာလေးခုဖြစ်သည့် ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ ကဒိုင်းကဒွတ်နှင့် မိုးဘောကြီးတို့မှ ဒေသခံသုံးရာကျော်ခန့်မှာ နီးစပ်တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများမှာ ကျန်ခဲ့သည့်နေအိမ်များနှင့် ပိုင်ဆိုင်မှုပစ္စည်းများအတွက် စိုးရိမ်ပူပန်နေကြကြောင်း စစ်ဘေးရှောင်အရေး ကူညီရေးဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

"ရွာသုံးလေးရွာလောက်ရှောင်ရတယ်။ ရွာသားတွေအကုန်နီးပါးရှောင်ရတာ။ အိမ်တွေကိုလည်းပစ်ထားခဲ့တော့ စိတ်မချဖြစ်နေကြရတယ်ပေါ့နော်။ အိမ်တွေထိခိုက်ကုန်ပြီလားပေါ့။ အခုကတော့ တိမ်းရှောင်နေရတဲ့သူတွေကို အဆင်ပြေသလိုပဲနေရာချပေးထားရတယ်"ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ကျောင်းရွာ၊ ဆောင်နိုင်ကြီး၊ မဲရုံးကြီးနှင့် ဂူကူးကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၁)ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...