ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ၉ လကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တစ်ထောင်ကျော်သေဆုံး

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ၉ လကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တစ်ထောင်ကျော်သေဆုံး

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်အပါအဝင် ချင်းပြည်နယ် ၉ မြို့နယ်မှာ ချင်းပြည်သူ့ကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီ တပ်အကြား ၉ လအတွင်း တိုက်ပွဲပေါင်း ၁၈၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် တစ်ထောင်ကျော် သေဆုံးကာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ၅၈ ဦးကျဆုံးခဲ့တယ်လို့ Chinland Joint Defense Committee က ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဧပြီလ ၂၄ ရက်နေ့ကစ၍ စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့ရာမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိ်ုက်ပွဲပေါင်း ၁၈၄ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ၁၈၄ ထဲမှာ တိုက်ပွဲငယ်တွေကိုတော့ ထည့်တွက်ထားခြင်းမရှိဘူးလို့ CJDC ကဆိုပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀၂၉ ဦး သေဆုံးကာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၅၈ ဦး ချင်းပြည်နဲ့အမျိုးသားအတွက် အသက်ပေးစတေးခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၇ ဦးကိုလည်း သေဆုံးခဲ့ရတယ်လို့ CJDC ရဲ့ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...