ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ၉ လကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တစ်ထောင်ကျော်သေဆုံး

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ၉ လကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တစ်ထောင်ကျော်သေဆုံး

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်အပါအဝင် ချင်းပြည်နယ် ၉ မြို့နယ်မှာ ချင်းပြည်သူ့ကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီ တပ်အကြား ၉ လအတွင်း တိုက်ပွဲပေါင်း ၁၈၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် တစ်ထောင်ကျော် သေဆုံးကာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ၅၈ ဦးကျဆုံးခဲ့တယ်လို့ Chinland Joint Defense Committee က ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဧပြီလ ၂၄ ရက်နေ့ကစ၍ စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့ရာမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိ်ုက်ပွဲပေါင်း ၁၈၄ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ၁၈၄ ထဲမှာ တိုက်ပွဲငယ်တွေကိုတော့ ထည့်တွက်ထားခြင်းမရှိဘူးလို့ CJDC ကဆိုပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀၂၉ ဦး သေဆုံးကာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၅၈ ဦး ချင်းပြည်နဲ့အမျိုးသားအတွက် အသက်ပေးစတေးခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၇ ဦးကိုလည်း သေဆုံးခဲ့ရတယ်လို့ CJDC ရဲ့ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။

ကလေးမြို့နယ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ / CJ - ပုံဟောင်း
September 21, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်၌ နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို...
September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...