ထားဝယ်မြို့တွင် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ညအချိန် ဝင်စီးခံရ၊ လူငယ် ၇ ဦးကိုဖမ်းဆီးကာ အရေးပေါ်ကား ၁ စီးနှင့် ဆေးပစ္စည်းများ သိမ်းယူသွား

ထားဝယ်မြို့တွင် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ညအချိန် ဝင်စီးခံရ၊ လူငယ် ၇ ဦးကိုဖမ်းဆီးကာ အရေးပေါ်ကား ၁ စီးနှင့် ဆေးပစ္စည်းများ သိမ်းယူသွား

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ပရဟိတအဖွဲ့အစည်း တစ်ခု၏ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကို ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၈ နာရီခွဲတွင် စစ်ကောင်စီအဖွဲ့က ဝင်ရောက် စီးနင်းခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့ အခြေစိုက် ဝဲကျွန်းညောင်ရမ်း ရပ်ကွက်ရှိ ရေသိမ်လမ်းသွယ်တွင် ဖွင့်လှစ်ထားသည့် ထိုဆေးခန်းရှိ လူငယ် ခုနစ်ဦးကို ဖမ်းဆီးကာ အရေးပေါ်ကား တစ်စီး အပါအဝင် ဆေးပစ္စည်းများကို သိမ်းယူသွားကြောင်း ထားဝယ်မြို့ အခြေစိုက် အရေးပေါ် လူနာတင်ယာဉ် အသင်းတစ်သင်း၏ တာဝန်ရှိသူ က ပြောသည်။

"ဖမ်းခံရတာတော့ သေချာပါတယ်။ ပရဟိတ လုပ်နေတဲ့ လူငယ် ခုနစ်ဦးပါတယ်။ ဘာကြောင့် ဖမ်းသွားလည်း ဆိုတော့ ကျွန်တော်တို့ အခု တော်လှန်ရေး ကာလမှာ CDM ဆရာ၊ ဆရာမတွေနဲ့ ဆက်စပ် လုပ်တာတွေ ရှိတယ် ဆိုပြီး ဖမ်းသွားတယ်လို့တော့ ကြားတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီအဖွဲ့မှ ဝင်ရောက် ဖမ်းဆီးခဲ့သည့် ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းမှ ဦးဆောင်သူ ကိုသန့်ဇင်ထူး ၊ မဆုယဉ်လဲ့နှင့် မခင်ချိုသက် အပါအဝင် လူငယ်များအား မည်သည့် နေရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မသိရှိရသေးဘဲ အဆက်အသွယ်လည်း မရသေးကြောင်း အထက်ပါ အရေးပေါ် လူနာတင်ယာဉ် အသင်းမှ အခြားအဖွဲ့ဝင်က ထပ်လောင်း ပြောဆိုသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...