ဦး၀င်းထိန် နှလုံးရောဂါ အခံ ပြန်ထနေ၍ ထောင်တွင်း၌ ဆေးဝါး ကုသနေရ

ဦး၀င်းထိန် နှလုံးရောဂါ အခံ ပြန်ထနေ၍ ထောင်တွင်း၌ ဆေးဝါး ကုသနေရ

မန္တလေး အိုးဘိုထောင်အတွင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ သဘာပတိ အဖွဲ့၀င် ဦး၀င်းထိန်သည် နှလုံးရောဂါ ဝေဒနာ ပြန်လည် ခံစားနေရသဖြင့် ရက်ဆက် ဆေးဝါးကုသမှု ခံယူနေရကြောင်း ထောင်တွင်း သတင်းရင်းမြစ် တစ်ဦးက မဇ္စျိမကို ပြောသည်။

ဦး၀င်းထိန်သည် ယခင်ကတည်းက နှလုံးကြီးသည့် ရောဂါအခံ ရှိနေပြီး လွန်ခဲ့သည့် နှစ်ရက် အတွင်းမှ စတင်ကာ ရောဂါပြန်လည် ဖြစ်ပွားခဲ့ခြင်းကြောင့် အကျဉ်းထောင် ဆရာ၀န်က နေ့စဉ် သွားရောက် ကြည့်ရှုကာ ဆေးဝါး ကုသပေးနေသည်ဟု ဆိုသည်။

"ကျန်းမာရေးက ဆီးနည်းတာတို့ နှလုံးအောင့်တာတို့ ဖြစ်နေတယ်။ ကြီးကြီးမားမား ခွဲစိတ် ကုသဖို့တော့ လောလောဆယ် မလိုသေးဘူး။ အသက်ကြီးလာတော့ ကျန်းမာရေး နည်းနည်း ဖြစ်ချင် လာတဲ့ သဘောနေမှာပါ။ ဆရာ၀န်ကတော့ သက်သာတယ်လို့တော့ ပြောပါတယ်။ အခု အရင်လောက် လန်းလန်းဆန်းဆန်း သိပ်မရှိဘူးပေါ့။ အိုးဘို အကျဉ်းထောင် ဆေးရုံတော့ မတက်ရသေးဘူး။ ဆရာ၀န်ကတော့ သူနေတဲ့ အဆောင်မှာ သွားသွား ကြည့်ပေးနေပါတယ်” ဟု ထောင်တွင်း သတင်းရင်းမြစ်က ပြောသည်။

အသက် ၈၀ အရွယ် ဦး၀င်းထိန်သည် စစ်အာဏာ သိမ်းအပြီး ဖေဖော်ဝါရီ ၄ ရက်၌ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆို ခံရသည်။

ထို့နောက် အောက်တိုဘာ ၂၉ ရက်နေ့တွင် နေပြည်တော် အကျဉ်းထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် နှစ်၂၀ ချမှတ်ခြင်း ခံခဲ့ရသည်။

ဦး၀င်းထိန်အနေဖြင့် တရားရင်ဆိုင်နေရစဉ် ကာလ၌ပင် လက်တွန်းလှည်း၊ တုတ်ကောက် အကူအညီ တို့ဖြင့် သွားလာနေရကာ အသက်ရှုကျပ်တတ်သည့် နှလုံးရောဂါ အခံကြောင့် အောက်ဆီဂျင် မကြာခဏ ပေးသွင်းနေရသည်။ ၎င်းတွင် သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရိုက်ဟော်မုန်း အားနည်း ရောဂါ၊ ဆီးကျိတ်ကြီး ရောဂါများ ရှိနေသည်။

ဦး၀င်းထိန်သည် တပ်မတော်တွင် ဗိုလ်ကြီး အဆင့်ဖြင့် တာ၀န်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦး ဖြစ်ပြီး ၁၉၈၈ လူထု အရေးတော်ပုံကာလ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦး၏ ချိတ်ဆက် ပေးမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကာ သူမ၏ ပါတီ စည်းရုံးရေး ခရီးစဉ်များတွင် လုံခြုံရေး ကိစ္စရပ်များကို ဦးဆောင် ကြီးကြပ် ပေးခဲ့သူလည်း ဖြစ်သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...