Zomi ZRA ကိုတိုက်ဖို့ PDF-Zoland ကိုအသုံးချမယ် ဆိုတဲ့ သတင်းအမှား

Zomi ZRA ကိုတိုက်ဖို့ PDF-Zoland ကိုအသုံးချမယ် ဆိုတဲ့ သတင်းအမှား

CNA/CNF ပြောရေဆိုခွင့်ရှိသူ ဆလိုင်းထက်နီရဲ့ နာမည်အကောင့်အတုနဲ့ “Zomi ZRA ကိုတိုက်ဖို့ PDF zoland ကိုအသုံးချမယ်၊ သူတို့ zomi အချင်းချင်းတိုက်ခိုင်းမယ်၊ ZRA ကျဆုံးတာနဲ့ PDF zoland ကိုလည်း ငါတို့အပြတ်ရှင်း လိုက်မယ်” လို့ မြန်မာဘာသာစကားနဲ့ရော ချင်းဘာသာစကားနဲ့ပါရေးသား ဖော်ပြထားတာဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုများကြားထဲက သတင်းအတုသတင်းအမှားများနဲ့ သတင်းအတုများရေးသားတဲ့ အကောင့် အတုများဟာထွက်ပေါ်နေပါတယ်။ ဒီ Salai Thet Ni အကောင့်အတုဟာဆိုရင် တီးတိန်နဲ့ တွန်းဇံမြို့နယ်မှာ အသုံများတဲ့ Group မှာ Screenshot နဲ့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ဟာ PDF-Zoland အပါအဝင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ချင်းပြည်နယ်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အတူတကွတော်လှန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

ဒါဟာ CNF နဲ့ PDF-Zoland တပ်ဖွဲ့အကြား အထင်အမြင်လွဲမှားမှုရှိအောင် ရည်ရွယ်ချက်ရှိရှိနဲ့ သွေးထိုးရေးသားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုများနဲ့အတူ သွေးထိုးစကားများ၊ သတင်းတုသတင်းအမှားများဟာ နေ့စဉ်လိုလို ထွက်ပေါ်နေတဲ့အတွက် စာဖတ်သူများအနေနဲ့ သတင်းရင်းမြစ်မှန်ကန်တဲ့ သတင်းဌာနမှလာတဲ့သတင်းများကိုသာ ယုံကြည်စိတ်ချသင့်ပါတယ်။ အကောင့်အတု သတင်းအတုများကိုလည်း သတိထားသင့်ပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...