အာဏာသိမ်းပြီးတစ်နှစ်ခန့်အကြာ အခြေခံလူတန်းစားများ စားဝတ်နေရေးပိုမိုအခက်ကြုံ

အာဏာသိမ်းပြီးတစ်နှစ်ခန့်အကြာ အခြေခံလူတန်းစားများ စားဝတ်နေရေးပိုမိုအခက်ကြုံ

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်တပ်မှအာဏာသိမ်းယူခဲ့သည်မှာ တစ်နှစ်ခန့်ကြာမြင့်လာသည့်တိုင် နိုင်ငံအတွင်း အခြေခံလူတန်းစားများမှာ စားဝတ်နေရေးအခက်အခဲများနှင့် ပိုမိုကြုံတွေ့လာနေရကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြင့်တက်လာကာ မိသားစုတစ်စုအတွက် စားသောက်နေထိုင်ရန် အကျပ်အတည်းဖြစ်လာသည်ဟု ညောင်တုန်းမြို့တွင်နေထိုင်သည့် အိမ်ရှင်မတစ်ဦးမှ DMG ကိုပြောသည်။

"အခြေခံစားသောက်ကုန်တွေထဲမှာ အဆိုးဆုံးက ဆန်စျေးတွေကပိုတက်တယ်။ စားသုံးဆီစျေးတွေလည်းပါတယ်။ ဆန်စျေးတွေကအရင်ကဆိုရင် တစ်အိတ်ကို ၂၀၀၀၀ ကျပ်လောက်ပဲရှိတယ်။ အခုဆိုရင် ၃၀၀၀၀ ကျော်လောက်စျေးတက်တယ်"ဟု ၎င်းကဆိုသည်။

စားသုံးဆီစျေးမှာလည်း ယခင်က တစ်ပိဿ ၆၀၀၀ ကျပ်မှ ယခုတစ်ပိဿ ၁၈၀၀၀ ကျပ်အထိ စျေးမြင့်တက်လာကာ အခြားအသီးအရွက်စျေးနှုန်းများလည်းမြင့်တက်လျက်ရှိကြောင်း ၎င်းအိမ်ရှင်မက ဆက်ပြောသည်။

စက်သုံးဆီစျေးနှုန်းများလည်းမြင့်တက်နေသဖြင့် သွားလာရာတွင် အခက်အခဲများရှိနေကြောင်း ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင် းတစ်ဦးက ပြောသည်။

"စက်သုံးဆီစျေးတွေက မတရားကိုတက်နေတာ။ အရင်ကဆိုရင် ၈၅၀ ကျပ်ပေါ့။ အခုကျတော့ ၁၅၀၀ ကျပ်လောက်ဖြစ်ကုန်တယ် အဲတာ 92 ပေါ့။ 95 ဆို ၁၆၀၀ ကျပ်လောက်ရှိတယ်။ အဲ့လောက်စျေးတက်တော့ အငှားစီးခတွေလဲစျေးတက်ကုန်ကော။ ကြာတော့ ခရီးသည်တွေလဲရှားလာတယ်။ တခါတလေ ခရီးသည်မရတဲ့နေ့ဆို အဆင်ပြေသလိုပဲတင်ပြီး အိမ်ပြန်ရတော့တာပါပဲ။ အော်ဒါကြေးတွေ၊ ခရီးဝေးတွေခေါ်ရင်တော့ ရတဲ့နည်းနဲ့စွန့်စားပြီးသွားရတာပေါ့။ အဓိက မိသားစုတွေများတော့ပိုဆိုးတာပေါ့နော်"ဟု ၄င်းကဆိုသည်။

လက်ရှိ နိုင်ငံတစ်ဝှမ်းတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်သားလက်နက်ကိုင်ပူးပေါင်းအဖွဲ့အပါအဝင် PDF တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

ထိုသို့ နိုင်ငံရေးအခြေအနေတည်ငြိမ်မှုမရှိခြင်းကြောင့် အခြေခံလူတန်းစားများမှာ ဆင်းရဲဒုက္ခပိုမိုကြုံတွေ့ရနိုင်ကြောင်းလည်း ဆြေိုမှုများရှိနေသည်။

"ဒီအခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ အခြေခံလူတန်းစားတွေရဲ့ဘဝက ပိုပြီးဆိုးရွားဖို့ပဲရှိတယ်။ ကုလသမဂ္ဂကလည်း ဒီနှစ်ပိုင်းအတွင်း ပဋိပက္ခကြောင့်စားနပ်ရိက္ခာရှားပါးမဲ့ နိုင်ငံတွေထဲမှာ မြန်မာလည်းပါနေတယ်။ ပြီးတော့ဒီမှာက ကုန်သည်ကြီးများအသင်းဆိုပြီး စစ်ကောင်စီနဲ့တွဲပြီး စျေးလိုက်ထိန်းတယ်။ စျေးထိန်းတာမဟုတ်ပဲနဲ့ စျေးပိုကြီးလာတာပဲအဖတ်တင်တယ်။ အဲတော့ နိုင်ငံအတွင်းမှာ နေရာအနှံ့တိုက်ပွဲဖြစ်နေတော့ အခြေခံလူတန်းစားတွေမှာ ပိုပြီးထိခိုက်ရအုံးမယ်လို့ပဲပြောပြချင်ပါတယ်"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးမှ ပြောဆိုသည်။

မြန်မာနှင့် နှစ် ၃၀ ကြာမြင့်စွာရပ်တည်လုပ်ကိုင်ခဲ့သည့် ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့အခြေစိုက် သဘာဝဓာတ်ငွေ့ရှာဖွေရေးကုမ္ပဏီတစ်ခုဖြစ်သည့် Total နှင့် အမေရိကန်နိုင်ငံအခြေစိုက် Chervon ကုမ္ပဏီတို့မှလည်း မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်ကြောင်း ယခုဇန်နဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...