မြန်မာနိုင်ငံမှ ထွက်ခွာမည့် Total နှင့် Chevron ကုမ္ပဏီများအနေဖြင့် NUG အစိုးရ ငွေစာရင်းများသို့ ဓာတ်ငွေ့ရောင်းရငွေများ လွှဲပြောင်းရန် NUG ကြေညာ

မြန်မာနိုင်ငံမှ ထွက်ခွာမည့် Total နှင့် Chevron ကုမ္ပဏီများအနေဖြင့် NUG အစိုးရ ငွေစာရင်းများသို့ ဓာတ်ငွေ့ရောင်းရငွေများ လွှဲပြောင်းရန် NUG ကြေညာ

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများဖြစ်သည့် Total နှင့် Chevron ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ လုပ်ငန်း ရပ်ဆိုင်းထွက်ခွာခြင်းနှင့် စစ်အုပ်စုထံ ငွေကြေးပံ့ပိုးမှု ရုပ်သိမ်းခြင်းကို ကြိုဆိုကြောင်းနှင့် ဓာတ်ငွေ့ဝယ်သည့် PTT Oil and Retail Business Public Company Limited (PTT ) အား NUG အစိုးရ ငွေစာရင်းများသို့ လွှဲပြောင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ မှ ရရှိသည့် အခွန်နှင့် အမြတ်များအပေါ် နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများ၏ တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းနေမှုအား အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်ပြီး စစ်အုပ်စု၏ အရေးပါဆုံး ပြည်ပဝင်ငွေဖြစ်ခြင်းကြောင့် ချက်ခြင်း တားမြစ်ပိတ်ပင်ရမည်ဟုလည်း ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများအနေဖြင့် NUG အစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ချမှတ်သော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကာ သဘာဝဓာတ်ငွေ့အခွန်များကို အစိုးရ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၁) အရ ဒုတိယဝန်ကြီးက ညွှန်ကြားသော ငွေစာရင်းများသို့သာ လွှဲအပ်ပေးပို့ကြရမည်ဖြစ်ပြီး စစ်အုပ်စုက ထိန်းချုပ်ထားသည့် MOGE ငွေစာရင်းများသို့ လွှဲအပ်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေ ရရှိမှု ၅၀ ရာခိုင်နှုန်းသည် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိခြင်း ဖြစ်သည်။ အဆိုပါ ဝင်ငွေများကို စစ်တပ် လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းက ချုပ်ကိုင်ထားခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့ ကုမ္ပဏီများသည် ငွေပေးချေမှုများကို မလေးရှား CIB ဘဏ်မှ တစ်ဆင့် အကြမ်းဖက် စစ်အုပ်စု၏ စင်္ကာပူရှိ ငွေစာရင်းများသို့ လွှဲပြောင်းပေးနေကြောင်းလည်း Justic For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်စစ်ကောင်စီအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ အခွန်ပေးနေသည့် အမေရိကန် Chevron နှင့် ပြင်သစ် Total ကုမ္ပဏီတို့က မြန်မာနိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ ရုပ်သိမ်းထွက်ခွာမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်တွင် ရှေ့ဆင့် နောက်ဆင့်ဆိုသလို ကြေညာခဲ့ကြသည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...