လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မြန်မာဖက်က ထုချေချက်ကို လာမည့်လ၌ ICJ ကြားနာမည်

လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မြန်မာဖက်က ထုချေချက်ကို လာမည့်လ၌ ICJ ကြားနာမည်

၂၀၁၇ ခုနှစ်၌ ရိုဟင်ဂျာများအပေါ် နယ်မြေရှင်းလင်းမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားခြင်းအပေါ် မြန်မာစစ်ကောင်စီ၏ ထုချေချက်ကို လာမည့်လတွင် နိုင်ငံတကာ တရားရုံး ICJ က လာမည့်တွင် ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။

ICJ ရုံးစိုက်ရာ သည်ဟိတ်ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ဖေဖော်ဝါရီ ၂၁ ရက် တနင်္လာနေ့မှ ဖေဖော်ဝါရီ ၂၈ ရက် တနင်္လာနေ့အထိ မြန်မာဖက်က ထုချေချက်ကို ကြားနာသွားမည်ဖြစ်ကြောင်း ICJ က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။

ထိုသို့ ကြားနာရာတွင် COVID-19 ကပ်ဘေးကြောင့် ကြားနာမှုအား အွန်လိုင်းဗီဒီယိုနှင့် မြေပြင်တရားခွင်တို့မှ နှစ်မျိုးစုံ ကြားနာသွားမည်ဖြစ်သည်ဟု ICJ က ဆိုသည်။

မြန်မာစစ်ကောင်စီနှင့် ဂမ်ဘီယာတို့မှ ကိုယ်စားလှယ်များအနေဖြင့် အွန်လိုင်းမှဖြစ်စေ၊ တရားခွင်သို့ ကိုယ်တိုင်ဖြစ်စေ တက်ရောက်ရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ARSA အဖွဲ့၏ ရဲစခန်းများအား တိုက်ခိုက်မှုကို စစ်တပ်က တုံ့ပြန်ကာ နယ်မြေရှင်းလင်းရေးများ စစ်ဆင်မှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်သူပေါင်း ခုနစ်သိန်းကျော်ထက်မနည်း ရှိခဲ့သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...