ရခိုင်က စာသင်ကျောင်းတချို့တွင် မြန်မာနိုင်ငံတော်သီချင်းအစား အာရက္ခနိုင်ငံတော်သီချင်းကို တွင်ကျယ်စွာသီဆိုလာကြ

ရခိုင်က စာသင်ကျောင်းတချို့တွင် မြန်မာနိုင်ငံတော်သီချင်းအစား အာရက္ခနိုင်ငံတော်သီချင်းကို တွင်ကျယ်စွာသီဆိုလာကြ

ရခိုင်ပြည်မြောက်ပိုင်းက စာသင်ကျောင်းတချို့တွင် ယခင်ကသီဆိုခဲ့သော မြန်မာနိုင်ငံတော်သီချင်းအစား အာရက္ခနိုင်ငံတော်သီချင်းကို တွင်ကျယ်စွာသီဆိုလာကြကြောင်း ဒေသခံများထံမှသိရသည်။

“ကျောင်းသူကျောင်းသားတွေ အာရက္ခနိုင်ငံတော်သီချင်းကို သီဆိုခိုင်းတဲ့ရည်ရွယ်ချက်က ကိုယ့်လူမျိုးရဲ့မျိုးချစ်စိတ်ဓာတ် နိုးကြားလာစေဖို့အတွက်ပါ”ဟု မြောက်ဦးမြို့နယ်မှ အလယ်တန်းကျောင်းအုပ်ဆရာတစ်ဦးကဆိုသည်။

ရခိုင်ပြည်မြောက်ပိုင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြို့နယ်များရှိ စာသင်ကျောင်းအချို့တွင် လွန်ခဲ့သည့့်တစ်နှစ်ခန့်မှစတင်ပြီး မြန်မာနိုင်ငံတော်သီချင်းအစား အာရက္ခနိုင်ငံတော်သီချင်းကို သီဆိုလာကြသည်။

“အနာဂါတ် ရခိုင့်ကျောင်းသားတွေအနေနဲ့ မျိုးချစ်စိတ်ဓာတ် နိုးကြားစေဖို့ ရခိုင့်နိုင်ငံတော်သီချင်းကိုသိရမယ်။ ဆိုတတ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကလေးတွေကိုသီဆိုခိုင်းတာပါ”ဟု ဘူးသီးတောင်မြို့နယ်တွင် အလယ်တန်းပြကျောင်းဆရာအဖြစ် သင်ကြားပေးနေသူကဆိုသည်။

အဆိုပါအာရက္ခနိုင်ငံတော်သီချင်းကို မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စုရှိ စာသင်ကျောင်းများတွင်သီဆိုပြီး ဘောလုံးပွဲ၊ ဇာတ်သဘင်ပွဲများတွင်ပါသီဆိုကြကြောင်း ဒေသခံများထံမှသိရသည်။

ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲရပ်နားသွားချိန် ရက္ခိုင့်နိုင်ငံတော်အလံ၊ အာရက္ခနိုင်ငံတော်သီချင်းတို့ကိုသီဆိုလာခြင်းမှာ AA အပေါ်လိုလားအားကိုးပြီး ထောက်ခံသည့်သဘောသက်ရောက်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကပြောသည်။

“အာရက္ခနိုင်ငံတော်သီချင်းကိုလည်း ကျောင်းတွေမှာလည်းသီဆိုကြသလို ကျောင်းသားတွေသီဆိုနေတာတွေကို အွန်လိုင်းပေါ်မှာလည်းမြင်တွေ့ရတယ်။ အခုလိုမျိုး နိုင်ငံတော်သီချင်းအစား ကိုယ့်အာရက္ခနိုင်ငံတော်သီချင်းကိုသီဆိုတာ ရခိုင်ပြည်သူတစ်ရပ်လုံးအနေဖြင့် ULA/AA အပေါ်မှာ အားကိုးအားထားလာတယ်။ ပြည်သူအားလုံးအနေနဲ့ လိုလိုလားလားထောက်ခံနေကြတယ်လို့မြင်ပါတယ်“ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်မြောက်ပိုင်း AA အုပ်ချုပ်သည့်မြို့နယ်များမှ စာသင်ကျောင်းအချို့တွင် တိုက်ပွဲကာလကတည်းက အာရက္ခနိုင်ငံတော်သီချင်းကိုသီဆိုခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် တွင်ကျယ်စွာသီဆိုလာကြပြီး ရခိုင်နိုင်ငံတော်အလံကို လွှင့်ထူလာကြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲရပ်တန့်နေချိန် ရက္ခိုင့်တပ်တော်(AA)က ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ၂၀၁၈ ခုနှစ်ကုန်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ ၂၀၂၀ ခုနှစ် နိုဝင်ဘာလပထမပတ်တွင် နားလည်မှုဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။

သို့သော် ၂၀၂၁ ခု နိုဝင်ဘာ ၉ ရက်နေ့တွင် မောင်တောမြို့နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

Photo Crd - Social Media

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...