ဗိုလ်ချုပ်မှူးကြီး၏ ငါးဈေးအသစ်အပေါ် ဒေသခံများ စိုးရိမ်

ဗိုလ်ချုပ်မှူးကြီး၏ ငါးဈေးအသစ်အပေါ် ဒေသခံများ စိုးရိမ်

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငါးလေးလံဈေး အသစ်တစ်ခု တည်ဆောက်ရန် မြေနေရာ ရွေးချယ်ပေးခဲ့မှုနှင့် ပတ်သက်၍ မြိတ်ဒေသခံများက စိုးရိမ်မှု၊ ဝေဖန်မှုများရှိနေသည် ဟု ရေလုပ်ငန်းရှင်များက ပြောသည်။

အသစ်ထပ်မံလုပ်ဆောင်မည့် စီမံကိန်းကြောင့် စစ်ကောင်စီနှင့် အကျိုးတူစီးပွားရေး လုပ်ငန်းရှင်များအကြား အကျင့်ပျက်ခြစားမှုများ ရှိနိုင်ပြီး ဒေသခံများအတွက် အကျိုးမရှိသည့်အတွက် စီမံကိန်းအသစ်ကို မလုပ် စေချင်ကြောင်း ဒေသခံများက ပြောသည်။

“အရင်ရှိနှင့်ပြီးသား ငါးဈေးကြီးကိုပဲ ပြန်လည် လည်ပတ်နိုင်အောင်သာ စီစဉ်ဆောင်ရွက်ပေးစေချင်တာ” ဟု ကမ်းဝေးငါးဖမ်းစက်လှေ ပိုင်ရှင်တစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီ ဥက္ကဋ္ဌသည် ဇန္နဝါရီလ ၁၅ ရက်နေ့၊ မွန်းလွဲ ပိုင်းအချိန်က မြိတ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီရုံးခန်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရင်းနှီး မြုပ်နှံမည့် ငါးလေးလံဈေးနှင့် စက်မှုဇုံ စီမံကိန်းလုပ်အတွက် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုတွင် တည် ဆောက်ရန် မြေနေရာရွေးပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခင်ရှိပြီး ငါးလေလံဈေး လည်ပတ်အောင် လုပ်ရမည့်အစား အသစ်ထပ်မံဆောက်လုပ်မည့် စီမံကိန်းသည် စစ်ကောင်စီနှင့် ကိုယ်ကျိုးစီးပွားရေးဦးစားပေးသည့် လုပ်ငန်းရှင်တစ်စုတို့ လက်ဝါးရိုက် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြမှာ ဖြစ်သည့်အတွက် အကျင့်ပျက်ခြစားမှုများစွာ ရှိလာနိုင်သည်ဟု မြိတ်ဒေသခံ ရေလုပ်ငန်းရှင် များက ဝေဖန် ပြောဆိုကြသည်။

မြိတ်မြို့ အင်းလေးမြိုင်ရပ်တွင်ရှိနေသည့် ဒေါ်လာသန်း ၇၀ ရင်းနှီးမြုပ်နှံမည့် မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မှီ ငါးဈေးကြီးသည် တရားဝင် MIC ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကာ ငါးလုပ်ငန်းဦးစီးဌာန နှင့် Setraco International Limited ပြင်သစ်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး ၂၀၀၀ ခုနှစ်က စတင်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

ဒေသခံများက စီမံကိန်းအသစ်ထက် ယခင်ရှိပြီးသား အဆိုပါ စီမံကိန်းကိုသာ လည်ပတ်အောင် ဆောင်ရွက်စေ ချင်နေကြခြင်း ဖြစ်သည်။

Most read this week

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...