လွိုင်ကော်မြို့ပေါ် တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးဟု KDF ဆို

လွိုင်ကော်မြို့ပေါ် တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးဟု KDF ဆို

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အထွေထွေအုပ်ချုပ်ရေး စုပေါင်း ခရိုင်ရုံး၌ ကင်းပုန်း ဝပ်နေသော စစ်ကောင်စီ တပ်သား အင်အား ၇၀ ခန့်ကို ဒေသခံ တော်လှန်ရေး အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးကြောင်း ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF) ထံက သိရသည်။

ယမန်နေ့ ည ဇန်နဝါရီ ၁၈ ရက် ည ၁၂ နာရီ ၃ မိနစ်တွင် မြို့ပြပြောက်ကျား ညီနောင်နှစ်ဖွဲ့ ဖြစ်သော ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF) GZ-21(Liokaw) နှင့် ပူးပေါင်းတပ်ဖွဲ့ ဖြစ်သော JPDF အဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြို့ပြ တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး ၁ နာရီကျော် ကြာမြင့်ခဲ့ကြောင်း KDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“သူတို့ တပ်စွဲထားတာ တော်တော်ကြာပြီ။ သတင်းလည်း အတိအကျ ရတော့ ကျွန်တော်တို့ ဘက်က စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး အရှေ့အနောက် ညှပ်တိုက်တာပါ” ဟု Karenni Democratic Front (KDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၆၀ မမ ဗုံးသီး ခြောက်လုံးဖြင့် စတင် ပစ်ခတ် တိုက်ခိုက်ရာ ဗုံးသီးလေးလုံး ကွဲကာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးခြင်း ဖြစ်သည်။

ထို့နောက် ကစင့်ကလျားဖြစ်နေသော ထိုစစ်ကောင်စီတပ်သားများ ၎င်းတို့ တပ်စွဲရာ သုံးထပ် အဆောက်အဦသို့ ပြန်အပြေး အသင့်စောင့်နေသည့် ဒေသခံ အခြားစစ်ကြောင်း တစ်ခုက စောင့်ကြိုကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ မြင်ရသလောက် စစ်ကောင်စီတပ်သား ၂၀ လောက်တောင် ကျနိုင်တယ်။ သူတို့ အလစ်ကို ခံရတာဆိုတော့၊ ဒါပေမယ့် တိတိကျကျ အတည်ပြုနိုင်တာက ၁၅ ဦးပဲ ရှိလို့ ၁၅ ဦး ကျဆုံးတယ်လို့ ထုတ်ပြန်ထားတာပါ “ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦး အမောဖောက်ပြီး အခြား ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ ထိုရဲဘော်သည်လည်း ဆေးကုသမှုခံယူကာ ကျန်းမာရေး ကောင်းမွန်သည်ဟု ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်ခဲ့ပြီး ဒေါဥခူရပ်ကွက်မှ နေအိမ်တစ်လုံး လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲကာ ပျက်စီးခဲ့သည်။

ထိုရပ်ကွက်ရှိ ပြည်သူ အများစုမှာ စစ်ရှောင် နေကြရပြီး အချို့နေအိမ်များတွင် အိမ်အစောင့် သဘောမျိုးဖြင့် နေထိုင်နေသည့် ပြည်သူများလည်း ရှိနေသေးသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်များ အကြား နေ့စဉ် တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။ ယနေ့ နံနက် ၅ နာရီခန့် တွင်လည်း စစ်ကောင်စီ တပ်ဘက်မှ မိုင်းလုံးရပ်ကွက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...