ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် သောက်သုံးရေရှားပါးမှုနှင့်ကြုံနေရ

ရခိုင်က စစ်ဘေးရှောင်စခန်းအချို့တွင် သောက်သုံးရေရှားပါးမှုနှင့်ကြုံနေရ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နွေရာသီကာလမရောက်မီကတည်းက သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့ နေရပြီဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းများတွင် ဆောင်းရာသီနှင့် နွေရာသီ၌ နှစ်စဉ်ရေရှားပါးမှုနှင့်ကြုံ့တွေ့နေရကြောင်း လက်ရှိရေရှားပါးမှုနှင့်ရင်ဆိုင်နေရသည့် မင်းပြားမြို့ ဖားပြိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ထွန်းလှက ပြောသည်။

“ရေရဖို့ စခန်းအနီးက တောတောင်တွေဆီလည်း သွားရှာလို့မရဘူး။ စစ်တပ်ကရှိနေတယ်ဆိုတော့လေ။ ကျနော်တို့မှာလည်း ငွေမရှိတော့ ရေရဖို့ကိစ္စ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုထားတယ်”ဟု ၎င်းကပြောသည်။

ရေရရှိရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်ကောင်စီသို့ စာဖြင့်တင်ပြထားကြောင်းလည်း ဦးမောင်ထွန်းလှက ဆိုသည်။

စစ်ဘေးရှောင်များမှာ အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုဖြင့် စားဝတ်နေရေးကိုဖြေရှင်းနေရပြီး လက်ရှိမှာ သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့နေသဖြင့် ရေလုံလောက်စွာရရှိနိုင်ရန် လိုလားနေကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်စစ်ဘေးရှောင်တွင်လည်း စခန်းအနီးရှိ တောင်တစ်ဖက်မှ ရေကန်ကိုအသုံးပြုနေရပြီး လက်ရှိအချိန်တွင် ထိုကန်မှာလည်း ရေတဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ကြောင်း ဦးသန်းဌေးကပြောသည်။

“ရေရဖို့ စခန်းကနေတစ်မိုင်လောက်အကွာမှာရှိတဲ့ ရေကန်မှာ ရေသွားခပ်ရတယ်။ ရှေ့လလောက်ဆို အဲဒီကန်လည်း ရေခမ်းတော့မယ်”ဟု ၎င်းကဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင်လည်း သောက်သုံးရေရှာပါးမှုနှင့်ကြုံနေရသဖြင့် စစ်ဘေးရှောင်များမှာ ရေအသုံးပြုရန် အခက်အခဲရှိနေကြောင်းသိရသည်။

ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ စသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာများတွင် ရေရှားပါမှုကို နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေကြရသည်။

စစ်ဘေးရှောင်များ ရေရရှိရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည့်ကိုသိရှိရန် DMG မှ ပြည်နယ်စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် ၂ နှစ်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာသူများထဲမှ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်စုစုပေါင်းရှစ်သောင်းကျော် ရှိနေသေးသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...