လေကြောင်းပစ်ခတ်မှုကြောင့် ဖလူးလေးစစ်ဘေးရှောင်စခန်းနှင့် သောင်ရင်းမြစ်ကမ်းအနီးစစ်ဘေးရှောင်များ ထိုင်းနိုင်ငံအတွင်းသို့ ထပ်မံရွှေ့ပြောင်းခဲ့ရ

လေကြောင်းပစ်ခတ်မှုကြောင့် ဖလူးလေးစစ်ဘေးရှောင်စခန်းနှင့် သောင်ရင်းမြစ်ကမ်းအနီးစစ်ဘေးရှောင်များ ထိုင်းနိုင်ငံအတွင်းသို့ ထပ်မံရွှေ့ပြောင်းခဲ့ရ
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီး DKBA ဖလူးလေးစခန်းတွင် ယမန်နေ့မနက်ပိုင်း၌ စစ်ဘေးရှောင်ပြည်သူများခိုလှုံနေကြစဉ်။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီး DKBA ဖလူးလေးစခန်းတွင် ယမန်နေ့မနက်ပိုင်း၌ စစ်ဘေးရှောင်ပြည်သူများခိုလှုံနေကြစဉ်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့၌ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)ပူးပေါင်းအဖွဲ့ ရှေ့တန်းစခန်းဖြစ်သော မြဝတီမြို့အရှေ့တောင်ဘက် ဖလူးလေးကျေးရွာတိုက်ပွဲအတွင်း နယ်စပ်ဒေသအနီး သောင်ရင်းမြစ်ကမ်းတွင်ရှိနေသည့် ဒေသခံစစ်ဘေးရှောင်များမှာ စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးဖြင့်တိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံမဲဆောက်ဒေသဘက်သို့ ထပ်မံရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံသတင်းအရင်းအမြစ်အရ သိရသည်။

ထိုသို့ပြောင်းရွှေ့မှုအတွင်း၌ ဖလူးလေး၊ မင်းလက်ပံ ၊ ရသေ့ဂူနှင့် မယ့်သာခီးကျေးရွာတို့မှ ဒေသခံများမှာ ထိုင်းနိုင်ငံအတွင်းသို့ လုံးဝပြောင်းရွှေ့နေရပြီး အချို့မှာလည်း မိမိနေအိမ်များ၏ လုံခြုံရေးစိတ်မချမှုကြောင့် ကျန်ရစ်ခဲ့ကြောင်း ဖလူးကျေးရွာတွင်နေထိုင်သည့်အမည်မဖော်လိုသူတစ်ဦးမှ DMG ကိုပြောသည်။

"လေယာဉ်နဲ့ကော ရဟတ်နဲ့ပါဗုံးကြဲတာတို့၊ လက်နက်ကြီးတို့နဲ့ပစ်ခတ်တာကြောင့် အိမ်ထဲမှာက လုံးဝနေမရတော့ဘူး။ နောက်ပြီးတော့ နယ်စပ်သောင်ရင်းမြစ်ကမ်းနားမှာပါ ထပ်ပြီးမနေလို့ရတော့တဲ့အခါကျတော့ ထိုင်းထဲကိုပါထပ်ပြီးပြေးရတယ်။ အိမ်တွေကိုတော့ လုံးဝစိတ်မချလို့ တချို့တလေကကျန်ရစ်ခဲ့တယ်"ဟု ၄င်းမှပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာမှာ ဖလူးလေးကျေးရွာအတွင်းတည်ရှိသော DKBA ပူးပေါင်းအဖွဲ့မှ ဗိုလ်စလုံး၏ပင်မအခြေကုပ်စခန်းဖြစ်ပြီး စစ်ဘေးရှောင်ဒေသခံ ၃၀၀ ကျော်ခိုလုံနေရကာ ယမန်နေ့ စစ်ကောင်စီ၏ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ စခန်းစွန့်ခွာထွက်ပြေးခဲ့ရကြောင်း စစ်ဘေးရှောင်ကူညီဆောင်ရွက်ပေးနေသူတစ်ဦးမှ ဆိုသည်။

"တိုက်ခတ်ခံရတဲ့စခန်း အမှန်တကယ်က ဒုက္ခသည်တွေနေဖို့အတွက်သီးသန့်ထားတာ။ တိုက်ပွဲဝင်စခန်းတစ်ခုအဖြစ်ကောပေါ့။အဲဒါကိုစစ်ကောင်စီက လက်နက်ကြီးကော ရဟတ်ယာဉ်နဲ့ပါပစ်တာ။ ဒီကရဲဘော်တွေလည်းကျတယ်။ စစ်ဘေးရှောင်တွေကော ဒေသခံတွေကော အကုန်ထိုင်းကိုထွက်ပြေးခဲ့ရတယ်။ စခန်းလည်းဆုတ်ပေးခဲ့ရပါတယ်"ဟု ၄င်းမှဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ ရက်မှစတင်ပြီး လက်ရှိအချိန်အထိ ဖလူးလေး၊ မဲ့သာခီး၊ ရသေ့ဂူ၊ မင်းလက်ပံ ၊ ဖလူးကြီး၊ လေးကေ့ကော်နှင့် မဲ့ထော်သလေးတို့၌ စစ်ကောင်စီနှင့် KNLA ၊KNDO၊ DKBA ၊ DKBA(ခွဲထွက်)ပူးပေါင်းအဖွဲ့များကြားတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံတစ်သောင်းကျော်မှာလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေကြရဆဲဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...