ဦးနှောက်ရွာ စစ်တပ် စီးနင်းခံရမှု လူ ၈ ဦး သတ်ခံရပြီး ရွှေငွေများ ယူသွား

ဦးနှောက်ရွာ စစ်တပ် စီးနင်းခံရမှု လူ ၈ ဦး သတ်ခံရပြီး ရွှေငွေများ ယူသွား
ပုလဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ။
ပုလဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဦးနှောက်ရွာကို စစ်တပ် ဝင်ရောက် စီးနင်းခဲ့မှုတွင် လူရှစ်ဦး သတ်ဖြတ် ခံခဲ့ရပြီး ရွှေနှင့် ငွေ ကာလတန်ဖိုး ကျပ်သိန်း ၃၀၀၀ ခန့် ယူသွားကြောင်း ရွာခံများက ပြောသည်။

"ရွှေ ၊ငွေ ကာလတန်ဖိုး သိန်း ၃၀၀၀ အထက်ကို ယူသွားတယ်။ အဲ့ဒီ့မှာမှ အထုတ်ဆွဲပြီး ပြေးတဲ့ လူ လက်ထဲက အထုတ်ကိုပါ လုသွားတာ။ ကားတွေ ဆိုင်ကယ်တွေကို မီးရှို့သွားတယ်။ လူ ရှစ်ယောက် ကိုလည်း မီးရှို့သွားတယ်။ ဒီနေ့ မနက်မှ လူငယ်တွေ သွားရှင်းရတာ" ဟု ဒေသခံ က ပြောသည်။

စစ်ကောင်စီ၏ အမှတ် (၁၁) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ခမရ (၂၁၃) နှင့် (၂၁၇) တပ်ရင်းတို့က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အဆိုပါရွာကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီက ပုလဲမြို့နယ် ကြောင်ကတိုးရွာ အနီး၌ ရွာသားများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့သည်။

"ဒီမနက် ၉ နာရီလောက်က ကန့်ဒေါင့် ကထွက်လာပြီး ကြောင်ကတိုးရွာနား ရောက်တော့ ရွာသားတွေက သူတို့ရွာထဲ ဝင်မယ်ထင်ပြီး ကြောက်လန့်ပြီး ထွက်ပြေးကြတာ။ အဲ့အချိန်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ရွာသားတစ်ယောက်ကို ထိသွားတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပုလဲမြို့နယ်အတွင်း စစ်ကြောင်း ငါးကြောင်းဖြင့် စစ်ထိုးနေပြီး ကြောင်ကတိုးရွာနှင့် အနီးအနားရှိ ရွာများမှ ဒေသခံ ဦးရေ ၁,၀၀၀ ကျော် ထွက်ပြေးနေရသည်။ ထို့အပြင် ပုလဲ နယ်ထဲရှိ နွယ်အင်း၊ ချောင်းဦး၊ သပြေလှ၊ ကျူပင်လှ စသည့် ရွာများလည်း စစ်ဘေး ရှောင်နေရပြီး စစ်ရှောင် လူဦးရေ ၁၀,၀၀၀ ခန့် ရှိကြောင်း Pale PDF Heardquarters ထံက သိရသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...