အလုံမြို့နယ်ရှိ ထူးစက်သုံးဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၊ တစ်ဆိုင်လုံးနီးပါး မီးလောင်ကျွမ်း

အလုံမြို့နယ်ရှိ ထူးစက်သုံးဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၊ တစ်ဆိုင်လုံးနီးပါး မီးလောင်ကျွမ်း

ရန်ကုန်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ထော်လီကွေ့ မှတ်တိုင်အနီးရှိ ထူးစက်သုံးဆီဆိုင်၌ ဇန်နဝါရီ ၁၆ ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားကာ မီးလောင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မနက်က အစောကြီး အသံအကျယ်ကြီး ကြားရတော့ သေနတ်သံ မဟုတ်တာတော့ သိတယ်၊ တစ်ခုခုတော့ ပေါက်ကွဲပြီပေါ့။ ဘာဖြစ်တယ်မှန်းကလည်း မသိသေးဘူး၊ နောက်မှ ထူးဆီဆိုင် မီးလောင်နေတာကို သိရတယ်” ဟု အနီးနေ ပြည်သူတစ်ဦးက ပေါက်ကွဲမှုဖြစ်စဉ်ကို ပြောသည်။

ဦးတေဇပိုင် Htoo Group Of Companies များထဲမှ တစ်ခုဖြစ်သော Htoo Petroleum Co.,LTD ၏ အရောင်းဆိုင်ခွဲဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တစ်ဆိုင်လုံးနီးပါး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“တိုက်ခိုက်မှုက မနက် ၄ နာရီ ဝန်းကျင်မှာ လုပ်ဆောင်ခဲ့တာပါဗျ၊ ကျွန်တော်တို့ ဓာတ်ဆီလောင်းတယ်၊ မီးရှို့တယ်။ ဗုံးနှစ်လုံး ဖောက်ခွဲခဲ့တယ်ဗျ” ဟု ထူးဆီဆိုင်အား တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် Special_Task_Agency Of Burma (STA) အဖွဲ့က မဇ္ဈိမ ကပြောသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အလုံမြို့နယ် ထော်လီကွေ့ မှတ်တိုင်အနီးတွင် မီးလောင်မှု ဖြစ်ပွားပြီး Level 1 အဆင့် ငြိမ်းသတ်ခဲ့ရကြောင်း ဖော်ပြထားသည်။ သို့သော် မီးလောင်မှု ဖြစ်ပွားသည်မှာ ထူးစက်သုံးဆီဆိုင်ဟု ဖော်ပြထားခြင်း မရှိပေ။

July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...