ငွေကြေးတောင်းခံမှုများရှိကြောင်း ပြောဆိုချက်အပေါ် စစ်ဆေးပေးမည်ဟု ကျောက်တော်မြို့နယ်လဝကဦးစီးမှူးပြော

ငွေကြေးတောင်းခံမှုများရှိကြောင်း ပြောဆိုချက်အပေါ် စစ်ဆေးပေးမည်ဟု ကျောက်တော်မြို့နယ်လဝကဦးစီးမှူးပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူများထံမှ ငွေကြေးတောင်းယူမှုများရှိနေကြောင်း ဒေသခံများမှပြောဆိုကြသည်။

ကျောက်တော်မြို့နယ်မှ အိမ်ထောင်စုစာရင်းပြုလုပ်စဉ် ငွေကြေးပေးဆောင်ခဲ့ရသူတစ်ဦးက “အိမ်ထောင်စုစာရင်းလုပ်ရင် ငွေနှစ်သောင်းကျပ်ပေးရတယ်။ ပြီးတော့အုပ်စုစာရေးကို ငွေတစ်သောင်းကျပ်ထပ်ပေးရတယ်။ ဆိုတော့ အိမ်ထောင်စုစာရင်းလုပ်ရင် သုံးသောင်းကျပ်ကုန်တယ်”ဟု ပြောသည်။

လက်ရှိ တစ်နိုင်ငံလုံး ပန်းခင်းစီမံကိန်းဖြင့့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ပြုလုပ်ပေးနေချိန်တွင် နယ်မြို့များ၌ ငွေကြေးတောင်းယူနေခြင်းကို တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းကဆိုသည်။

အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို အခမဲ့ပြုလုပ်ပေးနေသည်ဟုဆိုသော်လည်း မြေပြင်အခြေအနေတွင် ငွေကြေးတောင်းယူူမှုများရှိနေသဖြင့် ယင်းကိစ္စကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးစေလိုကြောင်း ကျောက်တော်မြို့နယ်ဒေသခံ ကိုဇော်ဝင်းကပြောသည်။

“ရခိုင်ပြည်မှာက အစိုးရနှစ်ခုအုပ်ချုပ်နေတယ်။ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး ဝန်ထမ်းအချို့က အကျင့်ပျက်ခြစားနေကြတယ်။ ဒီလိုဖြစ်စဉ်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စောစောစီးစီးကိုင်တွယ်ဖြေရှင်းသင့်တယ်” ဟု ၎င်းကပြောသည်။

ယင်းသို့ငွေကြေးကောက်ခံမှုများနှင့်ပတ်သက်၍ ဝန်ထမ်းများကို အနီးကပ်ကြီးကြပ်စစ်ဆေးနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကာ ဖြစ်စဉ်အမှန်ကိုဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျောက်တော်မြို့နယ်လဝကရုံးမှ မြို့နယ်ဦးစီးမှူးက ဦးဖုန်းနိုင်က DMG သို့ပြောသည်။

“ဒီဖြစ်စဉ်ကိုစစ်ဆေးပြီး ဝန်ထမ်းတွေကိုကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမှာပါ”ဟု လဝကဦးစီးမှူး ဦးဖုန်းနိုင်ကဆိုသည်။

ကျောက်တော်မြို့နယ်လဝကရုံးတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူများထံမှ ဝန်ထမ်းအချို့က ငွေကြေးတောင်းယူမှုများရှိကြောင်း၊ ယခုအချိန်တွင် ငွေကြေးတောင်းယူမှုများ ယခင်ကထက်ပိုမိုဆိုးရွားလာကြောင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစ်ရေးကတ်ပြားပြုလုပ်ခဲ့သည့် ဒေသခံများထံမှ သိရသည်။

အမ်းမြို့နယ်တွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်စဉ် ငွေကြေးတောင်းယူမှုများရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လဝကဝန်ထမ်းများမှ ငွေပြန်ပေးသည့်ဖြစ်စဉ် ၂၀၂၁ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...