မန္တလေးမြို့ ဗုံးပေါက်ကွဲမှု ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ

မန္တလေးမြို့ ဗုံးပေါက်ကွဲမှု ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ယနေ့ နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး နောက်ဆက်တွဲ စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ် မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရသွားကြောင်း ဒေသခံများက ပြောသည်။

"ဗုံးခွဲသွားတဲ့ နှစ်ယောက်နောက် လိုက်ပစ်ရင်း လမ်းသွားလမ်းလာတွေကိုပါ ပစ်မိတာပါ။ အဲဒီမှာ ကလေးမလေး တစ်ယောက်နဲ့ လူကြီးနှစ်ယောက် သေနတ်မှန်သွားတယ်။ ကလေးမလေး ကတော့ ဆေးရုံကို ပို့ကြည့်သေးတယ်။ ဒါပေမယ့် မရတော့ပါဘူး။ အဲဒါနဲ့ပဲ ရပ်ကွက်ထဲ ပြန်သယ်ဖို့ လုပ်နေတယ်။ လူကြီးနှစ်ယောက်တော့ အခြေအနေ မသိရသေးဘူး" ဟု မျက်မြင် တွေ့ရှိခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ ရပ်ကွက်ရုံးကို အမည်မသိ လူနှစ်ဦးက လက်လုပ်ဗုံးဖြင့် လာရောက် ပစ်ခတ်ခဲ့ရာမှ ရုံးအနီး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

"ရပ်ကွက်ရုံးကို ဗုံးပစ်ခံရတာပါ။ လူသုံးယောက် ထိတယ်။ တစ်ယောက်က ဆေးရုံးပို့ပေမယ့် မမီတော့ဘူး၊ သေတယ်။ သေတာက မိန်းကလေးငယ် လေးပါ "ဟု လည်း ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပစ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ကြောင်း မသိရသေးဘဲ စစ်အုပ်စုနှင့် ဆက်နွယ်နေသည့် အသိုက်အဝန်း သတင်းများတွင်မူ ဗုံးပေါက်မှုကြောင့် ဗုံးစ ထိမှန် သေဆုံး သည်ဟု ဆိုထားသည်။

July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...