အုတ်ဖိုကန်ဘောင် အကျဉ်းစခန်း တိုက်ခိုက်ခံရ ထောင်မှူးအပါအဝင် ၁၁ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံး

အုတ်ဖိုကန်ဘောင် အကျဉ်းစခန်း တိုက်ခိုက်ခံရ ထောင်မှူးအပါအဝင် ၁၁ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံး
သေဆုံးသွားသည့် ထောင်မှူးနှင့် သူ၏ဇနီး။
သေဆုံးသွားသည့် ထောင်မှူးနှင့် သူ၏ဇနီး။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အုတ်ဖိုကန်ဘောင် အကျဉ်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ထောင်မှူးနှင့် ဇနီး အပါအဝင် ၁၁ ဦးထက်မနည်း သေဆုံးပြီး ၎င်းတို့ ရဲဘော် နှစ်ဦး ကျဆုံးကာ လေးဦးဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်းနှင့် လက်နက်အချို့ ဆုံးရှုံးခဲ့ကြောင်း တမူးကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း (၁) က ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၀ ရက် နံနက် ၅ နာရီတွင် ဝက်ရှုကျေးရွာအရှေ့ ၂ မိုင်အကွာရှိ အုတ်ဖိုကန်ဘောင် ရဲဘက် အကျဉ်းစခန်းအား ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ချရန် တိုက်တွန်း သတိပေးစဉ် ထောင်မှူးက လက်နက် မချဘဲ ပြန်လည်တိုက်ခိုက်ရန် အော်ဟစ် အမိန့်ပေးသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဆိုသည်။

“လာမယ့် ဖေဖော်ဝါရီဆို အာဏာသိမ်းတာ တစ်နှစ်ပြည့်တော့မယ်၊ အဲဒီတော့ အခုလို အကျဉ်းဦးစီးမှ မဟုတ်ပါဘူး Non CDM ဝန်ထမ်းဌာနတွေ အားလုံးကို တိုက်ခိုက်သိမ်းယူမယ်၊ ကိုယ့်မြို့ကိုကိုယ် ပြန်ပြီး သိမ်းယူမယ်၊ အဲဒါ ကျွန်တော်တို့ တပ်ရင်း (၁) ရဲ့ ၂၀၂၂ နှစ်သစ် သန္နိဋ္ဌာန်ပဲ၊ တော်လှန်ရေးကို အရှိန်မြှင့်တင်သွားမယ်” ဟု တမူးကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း(၁)မှ ဗိုလ်ဘမှန်က ပြောသည်။

တိုက်ပွဲအတွင်း ထောင်မှူး ဉီးအောင်ကျော်ဆန်းနှင့် ဇနီးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဉီး သေဆုံးပြီး ၎င်း တို့ဘက်မှ နှစ်ဉီးသေဆုံးကာ လေးဦး အသေးစားဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ကျဆုံးရဲဘော် နှစ်ဦးအနက် တစ်ဦး၏ အလောင်းအား ပြန်လည်ကောက်ယူရန် ကြိုးစားခဲ့သော်လည်း မြေပြင် အခြေအနေအရ လက်နက်များနှင့်အတူ မလွှဲမရှောင်သာ ချန်ထားခဲ့ရကြောင်း ဆိုသည်။

ယခုကဲ့သို့ ဆုံးရှုံးပေးဆပ်ရခြင်းသည် ထောင်ဝန်ထမ်း မိသားစုများအား ညှာတာ ထောက်ထား၍ သက်ညှာစွာ ဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း နောက်နောင် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်း၊ ဝန်ထမ်းနှင့် ၎င်းတို့ မိသားစုဝင်များအား ပြတ်ပြတ်သားသား ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တမူးမြိုနယ်ရှိ ပြည်သူအချို့ အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး မတော်လောဘ စီးပွားရှာနေခြင်းများ၊ အတူတကွ အလုပ်လုပ်ကိုင် နေခြင်းများ ရပ်တန့်ပေးရန်၊ အကြောင်းကိစ္စမရှိဘဲ ခရီးမထွက်ကြရန်၊ အထူးသဖြင့် ညအချိန်မတော် အပြင်မထွက်ကြရန် မေတ္တာရပ်ခံကြောင်း ဗိုလ်ဘမှန် ကဆိုသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...