မတူပီမြို့နယ်တွင် စစ်ကောင်စီကသတ်ဖြတ်ထားသည့် အရပ်သားပြည်သူအလောင်း ၁၀ လောင်းတွေ့ရှိ

မတူပီမြို့နယ်တွင် စစ်ကောင်စီကသတ်ဖြတ်ထားသည့် အရပ်သားပြည်သူအလောင်း ၁၀ လောင်းတွေ့ရှိ

ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၁၁ ဦးအနက် ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိထားပြီဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးလင်းက ပြောသည်။

“အခု ၅ လောင်းထပ်တွေ့တယ်ဆိုတော့ စုစုပေါင်း ၁၀ လောင်းတွေ့ရှိထားပါပြီ’’ ဟု ကိုနွေဦးလင်းကပြောသည်။

မတူပီ-ဟားခါးလမ်းပေါ်က ကီလှုန်းနှင့် လုံလှော ကျေးရွာအကြားတွင် ဇန်နဝါရီလ ၆ ရက် နေ့နှင့် ၇ ရက်နေ့က ခရီး သွားအရပ်သားပြည်သူ ၁၁ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးကာ ရှေ့တန်း စစ် မြေပြင်တွင် ခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက သတ်ဖြတ်ထားသည့် အဆိုပါပြည်သူ ၁၀ ဦးထဲမှာ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင် သည်ဟု သိရသည်။

 သူတို့တွေက စစ်ပွဲနဲ့ဘာမှမဆိုင်ဘူး တစ်ရွာနဲတစ်ရွာတောလမ်းအတိုင်းသွားပြီး ဖမ်းခံလိုက်ရတဲ့သူတွေဖြစ်တယ် ဟု CDF-Matupi ပြန်ကြားရေးတာ၀န်ခံက ပြောသည်။

ယခုတွေ့ရှိထားသည့် ရုပ်အလောင်း ၅ လောင်းထဲတွင် Pu Tuidim ၏ ရုပ်အလောင်းမပါ၀င်သေးကြောင်းသိရပြီး စစ်ကောင်စီမှ သတ်ဖြတ်ခြင်းရှိမရှိမသိရပေ။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...