CDM ဝန်ထမ်း ကိုယ်ရေးအချက်အလက် အမြန်ဆုံး တင်ပြပေးဖို့ စစ်ကောင်စီညွှန်ကြား

CDM ဝန်ထမ်း ကိုယ်ရေးအချက်အလက် အမြန်ဆုံး တင်ပြပေးဖို့ စစ်ကောင်စီညွှန်ကြား

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက် အမြန်ဆုံးတင်ပြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

ဒီညွှန်ကြားချက်ဟာ ဇန်နဝါရီ ပထမအပတ်မှာ စစ်ကောင်စီက ဝန်ကြီးဌာနအသီးသီးကို ညွှန်ကြားခဲ့တာဖြစ်ပြီး ဌာနတစ်ခုနဲ့တစ်ခု ပြန်လည်အစီရင်ခံတင်ပြရမယ့်ရက်စွဲက မတူကြဘူးလို့ ဆိုပါတယ်။

” ဒီလအစောပိုင်းမှာကတည်းက စာဝင်နေတာပါ၊ CDM လုပ်လို့ အလုပ်ဖြုတ်ခံရတဲ့သူတွေနဲ့ လုပ်ထားဆဲသူတွေ ကိုယ်ရေးအချက်အလက်ပေးဖို့ ညွှန်ကြားထားတယ်၊ အရေးယူဖို့ကိစ္စက စာထဲမရေးထားဘူး၊ ကျွန်မတို့ သိရသလောက်က ရှာဖွေဖမ်းဆီး အရေးယူမယ့်ကိစ္စကို ပြည်နယ်မှူးတွေကိုတော့ ဖုန်းနဲ့ အကြောင်းကြားအသိပေးထားတာရှိတယ်။ တခြားဝန်ထမ်းတွေတော့ အသိမပေးဘူး “လို့ ရုံးတက်နေတဲ့ အရာထမ်းဝန်ထမ်း တစ်ဦးက ပြောပါတယ်။

CDM ဝန်ထမ်း ကိုယ်ရေးအကျဉ်းပေးပို့ရာမှာ နိုင်ငံဝန်ထမ်းတိုင်း နှစ်စဉ်ဖြည့်သွင်းနေရတဲ့ ဝန်ထမ်းကိုယ်ရေးအချက်အလက်(လုပ်သက်စာအုပ်)ကနေ တဆင့် ရယူပေးပို့ဖို့ ညွန်ကြားထားတာပါ။

ဒါအပြင် ဝန်ကြီးဌာနအသီးသီးမှာ CDM ပြုလုပ်လို့ ထုတ်ပယ်ခံထားရသူတွေနဲ့ CDM ပြုလုပ်ဆဲ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်စာရင်းအားလုံး ရရှိလာရင် ပြည်ထဲရေးဌာနကိုလည်း ပေးပို့သွားဖို့ စစ်ကောင်စီက စီစဉ်ထားတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီကို အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်း ၄၀၀၀ ကျော် ရှိနေပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...