CDM ဝန်ထမ်း ကိုယ်ရေးအချက်အလက် အမြန်ဆုံး တင်ပြပေးဖို့ စစ်ကောင်စီညွှန်ကြား

CDM ဝန်ထမ်း ကိုယ်ရေးအချက်အလက် အမြန်ဆုံး တင်ပြပေးဖို့ စစ်ကောင်စီညွှန်ကြား

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက် အမြန်ဆုံးတင်ပြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

ဒီညွှန်ကြားချက်ဟာ ဇန်နဝါရီ ပထမအပတ်မှာ စစ်ကောင်စီက ဝန်ကြီးဌာနအသီးသီးကို ညွှန်ကြားခဲ့တာဖြစ်ပြီး ဌာနတစ်ခုနဲ့တစ်ခု ပြန်လည်အစီရင်ခံတင်ပြရမယ့်ရက်စွဲက မတူကြဘူးလို့ ဆိုပါတယ်။

” ဒီလအစောပိုင်းမှာကတည်းက စာဝင်နေတာပါ၊ CDM လုပ်လို့ အလုပ်ဖြုတ်ခံရတဲ့သူတွေနဲ့ လုပ်ထားဆဲသူတွေ ကိုယ်ရေးအချက်အလက်ပေးဖို့ ညွှန်ကြားထားတယ်၊ အရေးယူဖို့ကိစ္စက စာထဲမရေးထားဘူး၊ ကျွန်မတို့ သိရသလောက်က ရှာဖွေဖမ်းဆီး အရေးယူမယ့်ကိစ္စကို ပြည်နယ်မှူးတွေကိုတော့ ဖုန်းနဲ့ အကြောင်းကြားအသိပေးထားတာရှိတယ်။ တခြားဝန်ထမ်းတွေတော့ အသိမပေးဘူး “လို့ ရုံးတက်နေတဲ့ အရာထမ်းဝန်ထမ်း တစ်ဦးက ပြောပါတယ်။

CDM ဝန်ထမ်း ကိုယ်ရေးအကျဉ်းပေးပို့ရာမှာ နိုင်ငံဝန်ထမ်းတိုင်း နှစ်စဉ်ဖြည့်သွင်းနေရတဲ့ ဝန်ထမ်းကိုယ်ရေးအချက်အလက်(လုပ်သက်စာအုပ်)ကနေ တဆင့် ရယူပေးပို့ဖို့ ညွန်ကြားထားတာပါ။

ဒါအပြင် ဝန်ကြီးဌာနအသီးသီးမှာ CDM ပြုလုပ်လို့ ထုတ်ပယ်ခံထားရသူတွေနဲ့ CDM ပြုလုပ်ဆဲ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်စာရင်းအားလုံး ရရှိလာရင် ပြည်ထဲရေးဌာနကိုလည်း ပေးပို့သွားဖို့ စစ်ကောင်စီက စီစဉ်ထားတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီကို အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်း ၄၀၀၀ ကျော် ရှိနေပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...