ကော့ကရိတ်မှာ စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ကော့ကရိတ်မှာ စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်နေတာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၉ နာရီကျော်ခန့်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အာရှလမ်း အရှေ့ဘက်ကျေးရွာက ဒေသခံ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ကော့နွဲ့ကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာက ရွာသူရွာသား ၈ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့လူနေအိမ် ၂ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့ညမှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကမိုင်ကုန်းကျေးရွာ၊ ဘုန်းကြီးလမ်းထဲ ကျရောက်ပေါက်ကွဲပြီး ၂ ယောက်ထိခိုက်ဒဏ်ရာရကာ ၁ ဦးသေဆုံးသွားတာဖြစ်ပါတယ်။

"ဒီမနက်လဲ စကစ ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်ကျ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးဒဏ်ရာရသေးတယ်။ ညကလဲ ကမိုင်ကုန်းမှာ ကျည်ကျလို့ လူငယ်တစ်ဦးသေဆုံးပြီး နောက် ၂ ယောက်ဒဏ်ရာရသေးတယ်။ ဒေသခံတွေလဲ ကြောက်လန့်လို့ ပြေးတဲ့သူတွေရှိနေပြီး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ ကော့ကရိတ် အခြေစိုက် အမှတ်(၉၇)အမြှောက်တပ်က နေပူခံကုန်းကတဆင့် လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ညက မြဝတီကနေ ဆင်းလာတဲ့ ဆီသယ်ယာဉ်တစ်စီး ကျိုက်ဒုံ လမ်းခွဲအရောက်မှာ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်လာခဲ့တာပါ။

တိုက်ပွဲအခြေနေကြောင့် ကော့ကရိတ် အာရှလမ်း အရှေ့ဘက်ခြမ်း ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီလို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...