ခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ ဇန်နဝါရီလ ၈ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားမှုကြောင့်  လူတစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှသိရပါတယ်။

“သေတာတော့မကြားဘူး ၊ ယမ်းစမှန်တာက တစ်အိမ် မျက်နှာခြင်းဆိုင် နှစ်ဆိုင်ပေါ့  အဲ့တာ ယမ်းစမှန်သွားတယ်။  တစ်ဆိုင်ကတော့ နည်းနည်းပျက်စီးသွားတာပေါ့  လမ်းကပေ ၃၀ လောက်ကျယ်တာကိုး တစ်ဖက်ကိုရောက်သွားတော့ နှစ်ဖက်စလုံးထိသွားတာ ၊ သေတာတော့မကြားဘူး။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုဟာ   ဇန်နဝါရီလ ၈ ရက်နေ့ မနက် (၁) နာရီခွဲ ဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး  အိမ်အပေါ်ထပ်မှာအိပ်နေတဲ့ ကလေးအား အစထိမှန်ကာ ပေါင်တွင်ညိုမဲ ဒဏ်ရာရရှိသွားတယ်လို့ အိမ်ရှေ့ဗုံးပေါက်ကွဲခံရသူက သူ့ရဲ့လူမှုကွန်ယက်စာမျက်နာပေါ်မှာ ရေးသားထားပါတယ်။

ဒီပေါက်ကွဲမှုက ဘယ်သူတွေရက် လက်ချက်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး ။

ခန္တီးမြို့မှာ ၂၀၂၁ ခုနှစ်  နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း ခန္တီးမြို့ ဆောက်လုပ်ရေးဦးစီးဌာန၏ အိမ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး  လူထိခိုက်ဒဏ်ရာမရခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...