ခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ခန္တီးမြို့နယ် နန်စီပွန်ဒေသမှာ ဇန်နဝါရီလ ၈ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားမှုကြောင့်  လူတစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှသိရပါတယ်။

“သေတာတော့မကြားဘူး ၊ ယမ်းစမှန်တာက တစ်အိမ် မျက်နှာခြင်းဆိုင် နှစ်ဆိုင်ပေါ့  အဲ့တာ ယမ်းစမှန်သွားတယ်။  တစ်ဆိုင်ကတော့ နည်းနည်းပျက်စီးသွားတာပေါ့  လမ်းကပေ ၃၀ လောက်ကျယ်တာကိုး တစ်ဖက်ကိုရောက်သွားတော့ နှစ်ဖက်စလုံးထိသွားတာ ၊ သေတာတော့မကြားဘူး။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုဟာ   ဇန်နဝါရီလ ၈ ရက်နေ့ မနက် (၁) နာရီခွဲ ဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး  အိမ်အပေါ်ထပ်မှာအိပ်နေတဲ့ ကလေးအား အစထိမှန်ကာ ပေါင်တွင်ညိုမဲ ဒဏ်ရာရရှိသွားတယ်လို့ အိမ်ရှေ့ဗုံးပေါက်ကွဲခံရသူက သူ့ရဲ့လူမှုကွန်ယက်စာမျက်နာပေါ်မှာ ရေးသားထားပါတယ်။

ဒီပေါက်ကွဲမှုက ဘယ်သူတွေရက် လက်ချက်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး ။

ခန္တီးမြို့မှာ ၂၀၂၁ ခုနှစ်  နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း ခန္တီးမြို့ ဆောက်လုပ်ရေးဦးစီးဌာန၏ အိမ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး  လူထိခိုက်ဒဏ်ရာမရခဲ့ကြောင်း သိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...