Published
Monday, January 10, 2022
ဂျင်ချေကျေးရွာမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် တစ်ရက်အကြာမှာ အမျိုးသမီး ၂ ယောက်သေဆုံး (ဇန်နဝါရီလ ၀၉၊ ၂၀၂၂)
ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သတင်းဌာနတစ်ခုက Zoom ကတဆင့် အင်တာဗျူးတစ်ခုမှာ ဗမာနောက်လိုက်မလုပ်တော့ဘဲ ရက္ခိတလမ်းစဉ်နဲ့ ဆုံးရှုံးထားတဲ့အချုပ်အခြာအာဏာ ပြန်လည်ရယူရေးကို ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
စစ်တွေအခြေစိုက် Western News သတင်းဌာနအယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုကို ပုဒ်မ ၁၂၄ (က) နဲ့ စစ်တွေအမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
မြောက်ဦးမြို့နယ် ဂျင်ချေကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်ကာကွယ် ဆေးထိုးပြီးတဲ့နောက် တစ်ရက်အကြာမှာ အမျိုးသမီးနှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။






